30. Birthday Banquet at An Wanye's Mansion (4)

23 1 2
                                    

နှစ်ယောက်စလုံးက ပြဇာတ်ကို ပြီးပြည့်စုံစွာဘဲ အဆုံးသတ်သွားသည်။ ဂီတသံတွေ ရပ်သွားပြီးတာတောင် သူတို့တွေ ဇာတ်ကောင်ထဲက မရုန်းထွက်နိုင်သေးဘဲ မတ်တပ်ရပ်ပြီး တစ်ယောက်ကိုတစ်ယောက် ငေးစိုက်ကြည့်နေဆဲပင်။

Hao Yukui ၏အသံသည် "တိမ်ဖုံးလ" အဖြစ်ကျော်ကြားသည်။ သူသီချင်းဆိုသောအခါ အစပိုင်းမှာ ပုံမှန်အတိုင်းဖြစ်ပြီး အဆုံးရောက်ခါနီးလေ လသည် တိမ်များနောက်ကွယ်မှ အပြည့်အဝထွက်လာကာ ကြည်လင်တောက်ပသကဲ့သို့ အသံပိုကောင်းလာလေဖြစ်သည်။

သူ့အသံက အသက် 70 ဟုပင်မထင်ရ။ စင်မြင့်အောက်ရှိ သက်ကြီးရွယ်အို အများအပြားမှာ ဇရာ၏တိုက်စားခြင်းကို မခံစားရသော  အသွားထက်သည့် ဓားတစ်လက်အဖြစ် သူ့အား မြင်ကြသည်။

Shang Xirui အတွက်ကတော့ ငယ်ရွယ်မှုရဲ့အထွတ်အထိပ်အရွယ်ကိုရောက်နေချိန်ဖြစ်တဲ့အတွက် သည်လိုသီချင်းဆိုခြင်းလောက်ကတော့ ကစားနေသလောက်ပင်။ နှစ်ယောက်သားက  အသက်ရှူမဝဘဲ နီရဲနေကြပြီဖြစ်သည်။

ထိုအချိန်တွင် Shunzi သည် ပန်းပုများဖြင့် ထွင်းထုအလှဆင်ထားသော စင်မြင့်ပေါ်သို့ ဟောင်နေသည်။ သူတို့နှစ်ယောက်မှာတော့ သီချင်းသီဆိုပြီးနောက် စင်မြင့်ထက်တွင် လျှာပင်ကိုက်မိလောက်အောင် ပင်ပန်းနေပြီဖြစ်သည်။ ကောင်မလေးတစ်ယောက်ရောက်လာပြီး Shun Zi ကို ခေါ်သွားချင်ပေမယ့် Shun Zi က မသွားချင်ဘဲ သူ၏ လက်သည်းများဖြင့် ကုတ်တွယ်ထားသည်။ Shun Zi က စိတ်မကျေနပ်သေးပေ။

Fan Lian သည် စားပွဲကို လက်ဖြင့်ပုတ်ကာ လေးစားသမှုနှင့် ခေါင်းယမ်းလိုက်ပြီး "ဒီနေ့စွမ်းဆောင်မှုကတော့  သမိုင်းဝင်လောက်တယ်။ဒီနေ့က အချည်းနှီး မဖြစ်ဘူး! ငါ့ဘဝတစ်ခုလုံးစာ ထိုက်တန်တယ်!" ဟုဆိုသည်။

Cheng Fengtai က ဘာမှနားမလည်ပေမယ့် သူတို့အကြည့်တွေက တစ်ခုခုမှားနေတယ်လို့ ခံစားရသည်။ ဘာကြောင့် စင်ပေါ်မှ လူနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် အဲဒီလို စိတ်အားထက်သန်မှုကြီးနဲ့ ကြည့်နေကြတာလဲ။

*

Hou Yukui က "ကောင်လေး၊ နောက်တစ်ခေါက်လောက် ထပ်ပြီးတင်ဆက်ရအောင်"

Shang Xirui က ခေါင်းညိတ်ပြီး "ကောင်းပြီ"

"ဘယ်အပိုင်းလဲ?"

鬓边不是海棠红 (Myanmar Translation) Zawgyi Version Where stories live. Discover now