Cheng Fengtai တတိယသား၏ မွေးနေ့ဧည့်ခံပွဲသည် Shang Xirui ကြောင့် အတော်ဆိုးဆိုးရွားရွား ပျက်စီးသွားခဲ့သည်။ Fan Lian နှင့် Chang ဇနီးမောင်နှံသည် ညစာမစားဘဲ ထွက်သွားကြသည်။ ဧည့်သည်များက Commander Cao သေနတ်ကို မြှောက်လိုက်သောအခါ ကြောက်ရွံ့ထိတ်လန့်စွာ အော်ဟစ်ကြသည်။
Cheng Fengtai မျက်မှောင်ကြုတ်ပြီး ဒေါသကြီးစွာဖြင့် လူအုပ်ကြားထဲပြေးလာခဲ့သည်။ အစေခံတစ်ယောက်ကတားပြီး "ဒုသခင်လေး၊ စစ်သေနာပတိ Cao ကထမင်းစားခန်းထဲမှာ သခင်လေးကိုစောင့်နေတယ်"
Cheng Fengtai က မကြာခင် လာခဲ့မယ်လို့ ကတိပြုသည်။ အစေခံလည်း အိမ်နောက်ဖေးကိုသွားနေတဲ့ သူ့နောက်က ထိတ်လန့်တကြား လိုက်ပါသွားခဲ့သည်။
Shang Xirui စင်မြင့်ပေါ်တွင် အရူးထပြီးနောက် ယခုအချိန်တွင် သူသည် အရမ်းမောပန်းနွမ်းနယ်နေပြီး သူ့စိတ်ဝိညာဉ်အားလုံးလွင့်မျောသွားသလို ခံစားနေရသည်။ သူက မှန်ရှေ့မှာထိုင်ကာ ခေါင်းစွပ်ကိုချွတ်ပြီး မိတ်ကပ်များဖျက်နေလိုက်သည်။
အခြားသရုပ်ဆောင်များနှင့် Hu Qin ကစားသမားများအားလုံး အိမ်သို့ပြန်ရောက်နေပြီဖြစ်သည်။ စစ်သေနာပတိ Cao ၏တပ်သားနှစ်ယောက်သည် ဘာလုပ်ရမှန်းမသိ Shang Xirui ကိုသာ စောင့်ကြပ်နေခဲ့သည်။
Cheng Fengtai တံခါးဝမှာရပ်ပြီး "Shang Laoban ..." ဟုအေးစက်စွာ ခေါ်လိုက်သည်။
Shang Xirui ကြား၊ မကြားမသိ။ ပြန်လဲ မဖြေဘဲ Cheng Fengtai ကို တစ်ချက်သာကြည့်ကာ သူ့လည်စီးပုဝါကိုဝတ်သည်။ သူ့မျက်လုံးများသည် အေးစက်နေသည်။ Cheng Fengtai သည် Shang Xirui ၏သာမာန်အချိန် မျက်နှာအနေအထားကိုသိသည်။ သို့သော် သူယခုမြင်လိုက်ရသည်က တိတ်ဆိတ်အေးခဲနေသည့် မျက်ဝန်းတွေဖြစ်သည်။
သူ့နောက်လိုက်လာတဲ့ အစေခံက "ဒုသခင်လေး၊ မြန်မြန်ပြန်သွားရအောင်၊ Commander Cao က အရမ်းစိတ်လှုပ်ရှားနေတယ်!"
Cheng Fengtai သည် Shang Xirui ကိုကြည့်ပြီး ဒေါသတကြီးထွက်သွားသည်။
Shang Xirui ကြောင့် စစ်သေနာပတိ Cao သည် မြောက်ဘက်ရှိသူ၏မြင်းစီးတပ်နှင့်အတိတ်ကို ပြန်သတိရနေခဲ့သည်။ ဒီနေ့ သူအရမ်းပျော်နေသည်။ Cheng Fengtai ရောက်လာတော့ နှစ်ယောက်အတူ မူးတဲ့အထိသောက်ကြသည်။
YOU ARE READING
鬓边不是海棠红 (Myanmar Translation) Zawgyi Version
Tiểu thuyết Lịch sửWe're fated to meet no matter what, if sooner or later 🍂 Original Author: Shui Ru Tian Er English Translator: mianmian2020 Status: 131 chapters (completed) Start date: 21.1.2021 *I don't own any part of this story. All rights belong to Author and...