13. On the Xingshan Hills

12 2 0
                                    

Cheng Fengtai က Shang Xirui နဲ့ စကားသွားပြောမယ့်အကြောင်း ဒုသခင်မကို မပြောဝံ့။ ဒါက မိုက်မဲပြီး သတိလက်လွတ်ဖြစ်တယ်လို့ သူကိုယ်တိုင်က ယူဆတာကြောင့်လည်းဖြစ်သည်။

အရင်က သူနှင့် Shang Xirui တို့သည် ကိုယ်ရေးကိုယ်တာကိစ္စများကို ဆွေးနွေးလေ့မရှိဘဲ သူငယ်ချင်းတွေလို နောက်ပြောင်ကျီဆယ်ရင်း နေခဲ့ကြသည်။ ဒါပေမယ့် လူတွေပြောသလိုပဲ ဒါက မိုးမရွာခင် လေထန်တဲ့နေ့ပေါ့။ ပြောမဲ့စကားတွေကို ပြင်ဆင်ထားပြီးတာကြောင့် ချက်ချင်းပြောရမှဖြစ်မည်။ သူ ထပ်မစောင့်နိုင်တော့။

*

Cheng Fengtai သည် Qinfeng ပြဇာတ်ရုံသို့ စောစောရောက်လာပြီး Shang Xirui ကိုတွေ့ရန် တံခါးခေါက်လိုက်သည်။

Shang Xirui ရဲ့မိတ်ကပ်က တစ်ဝက်ပဲပြီးသေးတာကြောင့် သူ့မျက်နှာပေါ်မှာ မျက်ခုံးမွှေးတစ်ဖက်ပဲ ဆွဲရသေးသည်။ Cheng Fengtai ကိုတွေ့သောအခါ မနေ့က သူရှာခဲ့သော ပြဿနာကို ဖြေရှင်းရန်လာသည်ဆိုတာကို ချက်ချင်းသိလိုက်သည်၊။

"Er Ye ဘာကိစ္စရှိလို့လဲ"

Cheng Fengtai သည် Shang Xirui ၏တစ်ဝက်သာ ဆွဲရသေးသောမျက်ခုံးမွှေးကို မြင်သောအခါ ရယ်ချင်လာသည်။ သူ့စိတ်ထဲမှာလည်း *ဒီလိုမျက်နှာမျိုးနဲ့ တံခါးလာဖွင့်ရဲရလား* ဟုရေရွတ်နေမိသည်။

"ကိုယ်ပြောစရာရှိတယ်"

"ဒါပေမယ့် ပြဇာတ်ရှိသေးတယ်"

ဖိတ်ခေါ်ခြင်း မခံရပေမဲ့ Cheng Fengtai က အခန်းထဲဝင်လာပြီး ဦးထုပ်နဲ့လည်စီးပုဝါကို ချွတ်ကာ အနီးဆုံးဆိုဖာမှာဝင်ထိုင်လိုက်ပြီး စီးကရက်ကို မီးညှိလိုက်သည်။ "ဒါဆို သီချင်းဆိုလေ၊ ပြီးတဲ့အထိ စောင့်မယ်"

စင်နောက်ဘက်သည် အမြဲတမ်း ဆေးလိပ်ငွေ့ကင်းစင်သော်လည်း Cheng Fengtai အား စီးကရက် မီးငြိမ်းပေးရန် မည်သူမျှမတောင်းဆိုဝံ့ကြ။

Shang Xirui သည် စကားတစ်ခွန်းမှ မပြောတော့ဘဲ မိတ်ကပ်ဆက်ပြင်ရန် ထိုင်ခုံသို့ ပြန်လာခဲ့သည်။ ဒီနေ့ရဲ့ အငွေ့အသက်တွေက တစ်စုံတစ်ရာ မှားယွင်းနေသလို ခံစားရသည်။ သူတို့နှစ်ယောက်လုံး စိတ်ဆိုးနေကြပြီး ခါတိုင်းလို နောက်ပြောင်မနေနိုင်ကြဘူး။

鬓边不是海棠红 (Myanmar Translation) Zawgyi Version Where stories live. Discover now