အပိုင်း(1)

10K 299 0
                                    

တကယ် ချစ်မိပြီ

အပိုင်း(1)

ရှောင်ကျန့် တစ်ယောက် အပေါ် ထပ်ကနေ ကားသော့လေးကို လက်ညှိုးမှာ ဝေ့ရမ်းကာ အပေါ် ထပ်ကနေ ဆင်းလာတယ်

"သား လာပါဉီး ဒီနေ့ရော ဘယ်သွားမယ်လို့ စီစဉ်ထားလဲ"

"ပါး ကလည်း သူငယ်ချင်း တွေနဲ့အပြင်သွားမလို့ "

"ပါးက အသက်ကြီးလာပြီနော် သား နည်းနည်းပါးပါး ပါးရဲ့ Hotel မှာ လုပ်ကူဖို့ မစဉ်းစားတော့ဘူးလား သား"

"ဟာ ပါးကလည်း သားမှ စိတ်မဝင်စားတာကို ."

"သားကို အခု ပါး ကိစ္စ တစ်ခုပြောစရာရှိတယ် "

"ဟုတ် ပြောလေ ပါး"

"အခုပါးရဲ့ Hotelလုပ်ငန်းအခြေအနေမကောင်းဘူး ပိုဆိုးတာက အခု ဝမ်မိသားစုရဲ့ သား ဝမ်ရိပေါ် ရဲ့ Hotelလုပ်ငန်းတွေက အရမ်းကို တိုးတက်နေတယ်"

ရှောင်ကျန့် လည်း နားမလည်တာမို့ မေးလိုက်တယ်

"အဲ့တာ ဘာဖြစ်လို့လဲ ပါး ပြီးတော့ ဝမ်မိသားစုဆိုတာက ဟို ပါးရဲ့ သူငယ်ချင်းမလား ပါးပြောတယ်လေ အချစ်ဆုံးသူငယ်ချင်း တွေဆိုတာ"

"ဟုတ်တယ် အဲ့တာ အခုသူ့သားက Hotelလုပ်ငန်းကို ဉီးစီးနေတယ် သားအဲ့ကို သွားပြီး အဲ့ Hotelရဲ့ သတင်းအချက်အလက်တွေအရေးကြီးတဲ့ဖိုင်တွဲတွေကို ပါးကို ယူပေးရမယ်"

"ဟာ ပါးကလည်း သားမလုပ်ပေးနိုင်ဘူးနော် ပြီးတော့ .....ဟင့်အင်း မလုပ်ဘူးပါး"

"အဲ့တာဆိုလည်း သားသဘောပါဘဲ ပါးကိုယ်တိုင်ဘဲ လုပ်ရတော့မှာပေါ့"

"ဘာ...ဘာကိုလဲ ပါး... ပါးက ဘာလုပ်မှာလဲ"

"သားမကူညီနိုင်တော့ ပါးဘဲ....ပါးဘာသာဘဲ ကြည့်လုပ်တော့မယ်"

ရှောင်ပါးကလည်း မျက်နှာပျက်ပျက်နဲ့ပြောလိုက်တော့ ရှောင်ကျန့်လည်း

"ပါးလိုချင်တာက အရေးကြီးတဲ့ ဖိုင်တွဲတွေဘဲ မလား ရတယ် သားကူညီမယ်ပါး"

"အင်း သား မနက်ဖြန်နော်"

"ဗျာ မနက်ဖြန် ဟုတ်လား...မ မြန် လွန်းဘူးလားပါးရယ်"

တစ်ကယ် ချစ်မိပြီ (Complete) Where stories live. Discover now