တစ်ကယ် ချစ်မိပြီ
အပိုင်း (11)
အခန်းထဲရောက်တော့ ရိပေါ် ရှောင်ကျန့် မွေ့ယာပေါ် ချပေးကာ သူပါ တစ်ခါတည်းဝင်လှဲလိုက်တယ်
"ကလေးရယ် ကိုကို တောင်းပန်ပါတယ် ကိုကို အရမ်းချစ်လို့ ဖြစ်သွားတာပါ "
ရိပေါ် လည်း ရှောင်ကျန့် ကိုယ်လေးကို ရင်ခွင်ထဲ တင်းနေအောင်ဖက်ထားပြီး အိပ်လိုက်တယ်
•••••••••••••••
"မိန်းမရေ.....မိန်းမ"
"ယောကျာ်း ပြန်လာပြီလား "
"အင်း.....သားလေးရော "
"ဝမ်အိမ်တော် မှာ အခုတော့ နားလိုက်ဉီး ညနေရောက်မှ သွားတာပေါ့ "
•••••••••••••••
ရှောင်ကျန့် နိုးလာတော့ လူက ရိပေါ် ရင်ခွင်ထဲမှာ လူကိုလည်း တင်းကြပ်အောင်ဖက်ထားတာမို့ လှုပ်လို့မရ
ရှောင်ကျန့် လည်း ရုန်းတော့ ရိပေါ် နိုးလာတယ်
"ကလေး......ကလေး..နိုးပြီလား "
"ဟင့်......လွှတ်.......အိမ်ပြန်မယ် ဒီမှာ မနေချင်တော့ဘူး"
"မရဘူး ကလေး ကိုကို ကလေးကို အိမ်ပြန်မပို့နိုင်ဘူး ဒီမှာဘဲနေပါ ကလေးရယ် "
ရှောင်ကျန့် မျက်ရည်တွေကျကာ
"အိမ်ပြန်ချင်တယ် ကိုကို ပြန်လိုက်ပို့ပေးနော် အိမ်ပြန်ချင်လို့ပါ ဟင့်.....ဟင့်..."
ရိပေါ် ခေါ်ထားချင်ပေမဲ့လည်း ကလေးက ရှိုက်ကြီး တငင်ငိုနေတော့ ရိပေါ် ပြန်လိုက်ပို့ဖို့ဆုံးဖြတ်လိုက်တယ်
"အင်း ပြန်လိုက်ပို့ပေးမယ် မငိုတော့နဲ့နော် "
••••••••••••••••
"မိန်းမ လာ သွားရအောင်လေ "
ရှောင်မားနဲ့ ရှောင်ပါးလည်း အိမ်ထဲကထွက်လာတုန်း ရိပေါ် ရဲ့ကားက ခြံထဲဝင်လာတယ်
"မား....ပါး...."
"သားကျန့် အခုဘဲ မားနဲ့ပါးက လာမလို့ "
"ပါး ပြန်လာပြီလား "
"ပြန်ရောက်တာ နေ့လယ်ကဘဲ သားဝမ် ဒါနဲ့ သားဝမ်ရဲ့ ပါးနဲ့မားရော ရှိလား သားတို့ကို လက်ထပ်ပေးဖို့ တိုင်ပင်မလို့ "
YOU ARE READING
တစ်ကယ် ချစ်မိပြီ (Complete)
Fanfictionကိုကို ထွက်သွားတော့မှ ကိုကို့ ရဲ့ အချစ်တွေကို နားလည်ခဲ့တာပါ ကျွန်တော် တစ်ကယ်ချစ်မိပြီ ကိုကို့ ကို အရမ်းချစ်တယ်ကိုကို