အပိုင်း (8)

2.2K 149 0
                                    

တစ်ကယ်  ချစ်မိပြီ

အပိုင်း (8)

"ကလေး ဒီမှာလှဲနေဉီးနော် ကိုယ် ကလေးစားဖို့အတွက် သွားလုပ်လိုက်ဉီးမယ်"

ရိပေါ် အခန်းအပြင်ကို ထွက်လာတော့ ပါးနဲ့မားက မေးကြတယ် ရိပေါ် လည်း အကြောင်းစုံကို ရှင်းပြလိုက်တယ်

"သားအခုကျန့်လေးစားဖို့အတွက် ဆန်ပြုတ်ပြုတ်နေတာလား "

"ဟုတ်မား "

"ဖယ် မားလုပ်ပေးမယ်နော် သားက ကျန့်လေးအနားမှာ သွားနေ တစ်ယောက်တည်း ဆိုတော့ ကျန့်လေး ပျင်းနေလိမ့်မယ်"

"ဟုတ်ကဲ့မား"

ရှောင်ကျန့် ရိပေါ် အခန်းကို မွေ့ယာပေါ်ကနေလှဲရင်းကြည့်နေတယ်

အခန်းလေးက သပ်ရပ်ပြီး မွှေးနေတယ် တံခါးဖွင့်သံကြားတာမို့ ကြည့်လိုက်တော့ ရိပေါ်

"ကလေး.... မားက ဆန်ပြုတ်ပြုတ်ပေးနေတယ် "

"ဘာကလေးလဲ ကျွန်တော် ကလေး မဟုတ်ဘူး ပြီးတော့ ခင်ဗျားကြီး အခန်းထဲကို ဝင်မလာနဲ့ "

"ဘာ ခင်ဗျားကြီး လဲ ကလေးကလည်း ပြီးတော့ ဒါက ကိုယ့်အခန်းလေ ကိုယ်အခန်းကိုယ်ဝင်တာ ဘာဖြစ်လို့လဲ"

"ရတယ် အဲ့တာ ဆို ကျွန်တော် တစ်ခြားအခန်းမှာ သွားအိပ်မယ် "

"ဘယ်သွားမှာလဲ ကလေးက အခုကိုယ့်အခန်းထဲရောက်နေတာနော် လွယ်လွယ်နဲ့ လွှတ်ပေးမယ်များထင်နေလား "

"ဟေ့လူ ခင်ဗျားကြီးနော် လွှတ် ကျွန်တော့် ကို"

"ဒေါက်.....ဒေါက်......မားဝင်လာပြီနော်"

"ဟုတ်မား"

"သားကျန့် ဒီမှာ မားပြုတ်ထားတဲ့ ဆန်ပြုတ်လေး သောက်လိုက်နော်"

"ဟုတ်မား "

ရှောင်ကျန့် ဆန်ပြုတ်ကိုတွေ့တော့ စားချင်စရာလေး

ဆန်ပြုတ် ကို အရွက်တွေရော အသားတွေရော ထည့်ပြီးလုပ်ထားတာလေ

ရှောင်ကျန့် လည်း မားဆီကဆန်ပြုတ်ကို ယူကာ စားလိုက်တယ် ခေါင်းမဖော်ဘဲ စားနေတဲ့ ရှောင်ကျန့် ကို ကြည့်ကာ ဝမ်မားရော ဝမ်ပါးကပါ ကြည့်ပြီး ပျော်နေတယ်

တစ်ကယ် ချစ်မိပြီ (Complete) Where stories live. Discover now