တစ်ကယ် ချစ်မိပြီ
အပိုင်း (15)
ရှောင်ကျန့် တစ်ယောက် နိုးလာတော့ လူက မွေ့ယာပေါ် မှာ.
"ငါ ညက ဆိုဖာပေါ် မှာပါ... အကို ရိပေါ် ပြန်လာပြီလား..."
ရှောင်ကျန့် ရိပေါ် ပြန်လာပြီ ထင်ပြီး အောက်ထပ်ကို ဆင်းသွားကာ ထမင်းစားခန်းထဲ ဝင်သွားသည်။
"မရှိဘူး... ရေချိုးနေတာ များလား.."
ရှောင်ကျန့် အပေါ် ကို တက်ကာ ရေချိုးခန်း ထဲ ဝင်ကြည့်တော့လည်း မရှိ... မွေ့ယာနား မှာ ရှိတဲ့ စားပွဲခုံလေးဆီ အကြည့်ရောက်တော့ စာလေး တစ်စောင် ရှောင်ကျန့် ယူကာ ဖတ်လိုက်သည်။
"ကလေး.....ကလေး ဒီစာကို ဖတ်နေချိန် ကိုကို မရှိတော့ဘူး ကလေးရဲ့ အဝေးဆုံးကို ထွက်သွားပြီ ဒီ မနက် ကိုကို အဝတ်အစားတွေ လာသိမ်းတော့ ကလေး ဆိုဖာပေါ် အိပ်နေတာတွေ့တယ် အိပ်ပျော် သွားတာလား ကိုယ့်ကို စောင့်ရင်းအိပ်ပျော်သွားတာ လားဆိုတာ ကိုယ် မသိဘူး ကိုယ် မရှိတဲ့ အချိန်တွေမှာ အိမ်မှာ တစ်ယောက် တည်း မနေပါနဲ့ ပါးနဲ့ မားဆီဘဲ ဖြစ်ဖြစ် သွားနေပါ အရမ်းချစ်တယ်
ကလေး ကိုယ် မရှိတဲ့ အချိန် ဂရုစိုက်ပါ ပြီးတော့ ကိုယ် ကွာရှင်း စာချုပ်မှာ လက်မှတ်ထိုးခဲ့တယ် ကလေး ပျော်နေပြီမလား ကိုယ် ကွာရှင်း ပေးပြီးပြီး... ကိုယ် ကလေး ဆေးမိနေတဲ့ အချိန်တုန်းက အခွင့်အရေးမယူခဲ့ပါဘူး... ကိုယ်အရမ်းချစ်တဲ့ ကလေး.."
"မဟုတ်ဘူး မဟုတ်ဘူး.... ဘာလို့လဲ... ဘာလို့လဲ.... ကျွန်တော် ကိုကို ကို ချစ်နေပြီဆိုမှ ဘာလို့ ထားသွားတာလဲ... "
ရှောင်ကျန့် ဗီဒိုထဲမှာ ရှိတဲ့ ကွာရှင်းစာချုပ်ကို ကြည့်ကာ ကြမ်းပြင်ပေါ် ထိုင်လျက် လဲကျသွားသည်။
"မထားခဲ့ပါနဲ့ ပြန်လာပါ ကိုကိုရယ်.. "
ရှောင်ကျန့် မျက်ရည် တွေ သာ ကျနေခဲ့သည်။ ထို့နောက် ဖုန်းလာသံကြားတာမို့ ကြည့်တော့ စစ်ကျွေး..
"ဟဲလို ရှောင်ကျန့် အဆင်ပြေလား.."
"စစ်ကျွေး...ငါ ညက ဆေးမိလာတာလား.."
"အင်း ဟုတ်တယ် ငါ မင်းကို လိုက်ပို့မယ် လုပ်တာ Club အဝမှာ မင်းကို ဆေးခပ်တဲ့ လူတွေနဲ့တူတယ် ငါ့ဆီကနေ မင်းကို ဆွဲခေါ်မယ် လုပ်နေတာ ကံကောင်း လို့ အကိုရိပေါ် နဲ့ တွေ့တာ မင်းကို အကိုရိပေါ် ကလာခေါ်တာ လေ တော်သေးတာပေါ့ မင်း ဘာမှ မဖြစ်တာ.. "
YOU ARE READING
တစ်ကယ် ချစ်မိပြီ (Complete)
Fanfictionကိုကို ထွက်သွားတော့မှ ကိုကို့ ရဲ့ အချစ်တွေကို နားလည်ခဲ့တာပါ ကျွန်တော် တစ်ကယ်ချစ်မိပြီ ကိုကို့ ကို အရမ်းချစ်တယ်ကိုကို