တစ်ကယ် ချစ်မိပြီ
အပိုင်း (12)
"ဟင့်.....အင်း.....မား...ပါး...."
ရိပေါ် ရှောင်ကျန့် ရဲ့အသံကြားတာမို့ ကြည့်တော့ ရင်ခွင်ထဲမှာ ကွေးကွေးလေး ကိုယ်တွေလည်း.ပူနေတာမို့ ရှောင်ကျန့် မှာ ညည်းနေမိသည်။
"ကလေး....ကလေး....."
"နာတယ်.....ဟင့်.....နာတယ်....မား...ပါး...ဟင့်...."
"ဘာမှမဖြစ်ဘူးနော် မငိုနဲ့နော် ကလေး...ကိုယ်ရေပက်တိုက်ပေးမယ်...... "
ရိပေါ် ထကာ အောက်ပိုင်းကိုတပတ်ပတ်လိုက်ပြီး ရှောင်ကျန့် ကိုယ်လေးကို ရေပတ်တိုက်ပေးလိုက်တယ်..... သွေးတွေလည်း ထွက်နေတော့ ရိပေါ် မှာ ယွီပင်း ကို ဖုန်းဆက်လှမ်းခေါ်လိုက်ရသည်........
•••••••••••••••
"ငါ အားဆေး ချိတ်ပေးခဲ့တယ် .....ဘယ်လိုဖြစ်ပြန်ပြီလဲ ရိပေါ် ရာ မင်း ရှောင်ကျန့် ကို ချစ်တယ် ဆိုတာ မင်းမပြောပြလည်း ငါတို့ သိပါတယ် ကွာ.....ဒါပေမဲ့ မင်းဒီလို သူ့ ဆန္ဒ မပါဘဲ လုပ်ရင် ရှောင်ကျန့် မင်းကို ကြောက်ပြီး မုန်းသွားလိမ့်မယ် ရိပေါ်...... "
ရိပေါ် သူငယ်ချင်း ဖြစ်သူ ယွီပင်း ရဲ့ စကားကို ကြားပေမယ့်လည်း တစ်ကယ် တန်း အကြည့်တွေကတော့ ရှောင်ကျန့် ဆီမှာ......စိတ်ထဲတွေးနေမိတာက
"ကိုယ့်ကို မုန်းသွားမှာလား ကလေးက
ကိုယ့်ကို ကြောက်သွားမှာလား ကလေးက
ကိုယ် တောင်းပန်ပါတယ် ကလေးရယ်"
"ယွီပင်း..... "
"အင်း.....ပြောလေ.... ဟို ခုနက ငါက မင်းကို သူငယ်ချင်း အနေနဲ့ပြောတာပါကွာ စိတ်ထဲမထားပါနဲ့ ငါ့ကို စိတ်လည်းတိုမနေနဲ့...."
"ငါ နားလည်ပါတယ်ကွာ.... ငါ့မှာ သူငယ်ချင်း ဆိုလို့ မင်းနဲ့ ကျန်းချန် ဘဲ ရှိတာ.... "
"ငါ ပြန်တော့မယ်လေ တစ်ကယ် လို့ ရှောင်ကျန့် နေရတာ အဆင်မပြေရင်ပြော ငါ့ကို ဖုန်းဆက်လိုက် ငါ ချက်ချင်းဆေးရုံက လာခဲ့မယ်..... "
"အေးပါကွာ ကျေးဇူးဘဲ ကားကို ဂရုစိုက်မောင်းနော်...... "
"အင်း....ငါ သွားပြီ....."
YOU ARE READING
တစ်ကယ် ချစ်မိပြီ (Complete)
Fanfictionကိုကို ထွက်သွားတော့မှ ကိုကို့ ရဲ့ အချစ်တွေကို နားလည်ခဲ့တာပါ ကျွန်တော် တစ်ကယ်ချစ်မိပြီ ကိုကို့ ကို အရမ်းချစ်တယ်ကိုကို