တစ်ကယ်ချစ်မိပြီ
အပိုင်း (23)
ရိပေါ် အော်လိုက်တော့ ရှောင်ကျန့် ခေါင်းလေးငုံ့ကာ ဆန်ပြုတ်ကိုဘဲ မွှေနေသည်။
ရိပေါ် လည်း ရှောင်ကျန့် ဖြစ်သွားတဲ့ ပုံကို ကြည့်ကာ စိတ်မကောင်း ဖြစ်သွားသည်။"ငါ ဗိုက်ဆာနေပြီ ဆန်ပြုတ်ကော သောက်ရဉီးမှာလား."
"ဟုတ်.. ကိုကို ကျွန်တော် မှုတ်ပေးမယ်နော် ပူနေသေးလို့ "
နှုတ်ခမ်းလေးဆူကာ ဆန်ပြုတ်ကို မှုတ်နေတာလေးက တစ်ကယ် ကို ချစ်ဖို့ကောင်းသည်။
"ကိုကို... ဟ "
ရိပေါ် အသည်းယားနေမိသည်။ ကလေးက တစ်ကယ် ကို အသည်းယားစရာလေး အခုတောင် သူနဲ့ အကြည့်ချင်း မဆုံတာမို့ ရိပေါ် ကြည့်လို့ရသည်။
ကလေး လုပ်ပေးတဲ့ ဆန်ပြုတ်လေးက တစ်ကယ် အရသာရှိသည်။ နံနံပင် လေးတွေကို အပေါ်ကလည်း ထည့်ထားပေးသေးတယ် ဆန်ပြုတ်ချည်းဘဲ မဟုတ် ဘဲ အသားလေးတွေပါ ထည့်ထားတာမို့ တစ်ကယ် အရသာ ရှိသည်။
ဆန်ပြုတ်ကုန်သွားတော့ ရှောင်ကျန့် ရိပေါ် ကို ဆေးတိုက်လိုက်သည်။
"ကိုကို ဆေးသောက်ရအောင် နော် ပြီးရင် ခဏလောက် အိပ်လိုက်ဉီး "
ရိပေါ် ဆေးသောက်ပြီးတာနဲ့ ရှောင်ကျန့် ကို မေးလိုက်သည်။
"အဲ့ကောင်နဲ့ ဘယ်လို သိတာလဲ ငါ့ကို ပြော ရှောင်ကျန့် "
"အဲ့ဆို ကိုကို ကရော နေ့လည်စာ အိမ်မှာ စားလို့ ရတယ်သားနဲ့ ဘာလို့ အပြင်မှာ အမဖေးဖေးနဲ့.... "
ရှောင်ကျန့် စကားကို ဆက်မပြောဘဲ ရပ်လိုက်သည်။
"အဲ့တာက သူက ဗိုက်ဆာတယ်ဆိုလို့ ငါက မစားဘူး အဖော်လိုက်ပေးရုံဘဲ ..ပြောတော့ အဲ့အကောင်နဲ့ ဘယ်လို သိတာလဲ"
"ကနေဒါ ကို လာမဲ့ လေယာဉ်မှာ ကျွန်တော် အကိုမင်ယန် နဲ့အတူ ထိုင်ရတာ ပြီးတော့ ကျွန်တော် က ကိုကို့ ဓာတ်ပုံကို ကြည့်ရင်း ငိုနေတာမို့ သူက စကားလာပြောတာ ..ပြီးတော့ ကိုကို က အမဖေးဖေး နဲ့ အပြင်သွားတော့ ကျွန်တော် လည်း ပျင်းတာနဲ့ အပြင်ထွက်လာတာ အကိုမင်ယန် နဲ့ တွေ့ပြီး သူက သူ့ကို မှတ်မိလားဆိုပြီး စကားတွေ ပြောရင်း မိတ်ဆွေ ဖြစ်သွားပြီမို့ ဆိုင်တစ်ဆိုင်မှာ စကား ပြောရအောင် ဆိုပြီး လိုက်သွားတာပါ"
YOU ARE READING
တစ်ကယ် ချစ်မိပြီ (Complete)
Fanfictionကိုကို ထွက်သွားတော့မှ ကိုကို့ ရဲ့ အချစ်တွေကို နားလည်ခဲ့တာပါ ကျွန်တော် တစ်ကယ်ချစ်မိပြီ ကိုကို့ ကို အရမ်းချစ်တယ်ကိုကို