တစ်ကယ် ချစ်မိပြီ
အပိုင်း (19)
"ငို မနေနဲ့ ထ မျက်နှာ သစ် ပြီးရင် မနက်စာစားပြီး ဆေးသောက်"
"ဟုတ် ကိုကို "
ရှောင်ကျန့် ထကာ ရေချိုးခန်းထဲ ဝင်ပြီး မျက်နှာ သစ်နေတုန်း ရိပေါ် ကတော့ မနက်စာ စားဖို့ လုပ်နေသည်။
မနက်စာ စားနေရင်း ရိပေါ် ရှောင်ကျန့် ရဲ့ နဖူးပေါ် လက်လေး တင်ကာ ကိုယ်ပူ စမ်းလိုက်သည်။
"ကိုယ်အရမ်းမပူတော့ဘူး...မနက်ဖြန် တရုတ် ကို ပြန်တော့လေဆိပ်ကို ငါ လိုက်ပို့မယ်... "
"မပြန်ဘူး ကိုကို ဘာလို့လဲ ဘာလို့ တရုတ် ကိုဘဲ ပြန်ခိုင်းနေတာလဲ.... မပြန်ဘူး.ကျွန်တော် ပြောပြီးပြီး ပြန်ရင်တောင် ကိုကို နဲ့ အတူ ပြန်မယ်လို့.... "
"ရှောင်ကျန့် မင်း ရူးနေလား.... "
"ဟုတ်တယ် ရူးနေတာ.ကိုကို ချစ်နေလို့လေ... ကိုကို့ အနားမှာ နေချင်ပါရစေ ကျွန်တော့် ကို တရုတ် ကို မပြန်ခိုင်းပါနဲ့ ကိုကို..... ပြီးတော့.... ကျွန်တော် ကိုကို့ ရဲ့ ဉီးလေးအိမ်မှာ လိုက်နေလို့ မရဘူးလားဟင်...."
"ရှောင်ကျန့်.... မင်း ဘယ်လို ဖြစ်နေတာလဲ.. မင်း အရမ်းကို လိုက်နေချင်နေတာလား ..."
"ဟုတ် ကိုကို လိုက်နေချင်တယ်... "
"ငါ့ အိမ် မှာ လိုက်နေရင် ငါ ခိုင်းတာတွေ အကုန်လုပ်ရမယ် .."
"ဟုတ် ရတယ် ကိုကို ကျွန်တော် လုပ်နိုင်တယ်... အဓိကက ကိုကို့ရဲ့ အနားမှာ နေရရင် ရပါပြီ "
ရိပေါ် ဘာမှ မပြောတော့ပေ ။ တစ်ကယ် တမ်းလည်း ကလေးကို သူတစ်ယောတည်း စိတ်မချဘူး။
•••••••••••
မနက်ရောက်တော့ ရှောင်ကျန့် အဝတ်အစားတွေ သိမ်းကာ အခန်းထဲမှာ စောင့်နေသည်။
"ဒေါက်....ဒေါက်.."
"ကိုကို လာပြီနဲ့ တူတယ်... "
ရှောင်ကျန့် တံခါး သွားဖွင့်ပေးတော့ တွေ့လိုက်ရတာက... မိန်းကလေး တစ်ယောက် နဲ့ ကိုကို....ရှောင်ကျန့် စိတ်ထဲကနေ တွေးနေမိသည်။
YOU ARE READING
တစ်ကယ် ချစ်မိပြီ (Complete)
Fanfictionကိုကို ထွက်သွားတော့မှ ကိုကို့ ရဲ့ အချစ်တွေကို နားလည်ခဲ့တာပါ ကျွန်တော် တစ်ကယ်ချစ်မိပြီ ကိုကို့ ကို အရမ်းချစ်တယ်ကိုကို