တစ်ကယ်ချစ်မိပြီ
အပိုင်း (22)
ရိပေါ် အခန်းထဲမှာ ငိုနေမိသည်။ ကလေးကို သူ နာကျင်အောင် လုပ်နေမိပြီမလား...
ရိပေါ် နေ့ခင်းက ရှောင်ကျန့် နဲ့ စကားများကာ အပြင်ထွက်မယ် လုပ်တော့ ထမင်းစားခန်းထဲမှာ ရှောင်ကျန့် လုပ်ထားတဲ့ မနက်စာလေးကိုစားကာ အပြင်ထွက်ခဲ့သည်။ တစ်ခြားနေရာတော့ မဟုတ် သူ အမြဲ သွားနေကျမေပယ် ပင်ကြီး အောက်မှာ ရှိနေတဲ့ ခုံတန်းလျား ပေါ်မှာ ထိုင်ကာ စဉ်းစားနေမိသည်။
အခု ကလေးအပေါ် သူ့ရဲ့ ဆက်ဆံမှုတွေက မှန်ကန်ရဲ့လား ။ အမှန်တော့ ရိပေါ် ဟာ ရှောင်ကျန့် ကို စိတ်ဆိုးနေတာမို့ အခုလိုတွေ ကလေးအပေါ် ပြုမူနေခဲ့သည်။ ဒါပေမဲ့ သူ ကလေးကို မမုန်းပေ။ မဟုတ်ဘူး မုန်းကို မမုန်းခဲ့တာ ။
အချိန်အတော်အတန်ကြာ ထိုင်ပြီး သူ့ရှေ့မှာ ဖြတ်သွားနေတဲ့ အတွဲလေးတွေ မိသားစုလေးတွေကို ကြည့်နေမိသည်။ ဘယ်လောက်တောင် မေပယ် ပင်ကြီးအောက် မှာ ထိုင်နေမိလည်း သူမသိ။ လက်က နာရီကြည့်တော့ 6နာရီတောင် ထိုးနေခဲ့ပြီ ။ အိမ်မပြန်ချင်သေးတာနဲ့ Club မှာ ထိုင်ကာအချိန်ဖြုန်းနေမိသည်။ လက်ထဲက ဖုန်းကို ကြည့်တော့လည်း ခေါ်ထားတဲ့ ဖုန်းCall တွေက မနည်း ခေါ်တာတဲ့ သူလေးက ကလေးတဲ့ ။ နေ့ခင်းက နံရံကို လက်သီးနဲ့ ထိုးတာမို့ လက်ကလည်း တစ်ဆစ်ဆစ်နဲ့ကို နာသည်။ ဒါပေမဲ့ သူအခု စိတ်ပူတာက ကလေးပါ ။ နေ့ခင်းက သူအားနဲ့ ဆွဲလိုက်တော့ ခြေခေါက်ကာ သူ့ရင်ခွင်ထဲကို လဲကျသွားသေးတယ်မလား..အဲ့တုန်းက ကလေးဘယ်လောက်တောင် နာနေမလဲ ..ကလေးရယ်
ရိပေါ် အရက်သောက်တယ်ဆိုပေမဲ့ အရမ်းမမူးပေ ။ ဒါပေမဲ့ ရိပေါ် အရက်မူးချင်ယောင် ဆောင်ခဲ့သည်။
"ဒေါက်.....ဒေါက်...."
အတွေးတွေထဲမှာ နစ်မြောနေတဲ့ ရိပေါ် ဟာ အပြင်က တံခါးခေါက်သံ ကြားမှ အသိပြန်ဝင်လာသည်။
"ကိုကို..... ကျွန်တော် တောင်းပန်ပါတယ်..တံခါး ဖွင့်ပေးပါလား.."
"ထွက်သွား ငါ အိပ်ချင်နေပြီ... "
ရှောင်ကျန့် စကား ဆက်မပြောဘဲ ရိပေါ် အခန်းရှေ့မှာ သာ ထိုင်နေမိသည်။
YOU ARE READING
တစ်ကယ် ချစ်မိပြီ (Complete)
Fanfictionကိုကို ထွက်သွားတော့မှ ကိုကို့ ရဲ့ အချစ်တွေကို နားလည်ခဲ့တာပါ ကျွန်တော် တစ်ကယ်ချစ်မိပြီ ကိုကို့ ကို အရမ်းချစ်တယ်ကိုကို