တစ်ကယ်ချစ်မိပြီ
အပိုင်း (26)
ရှောင်ကျန့် ရိပေါ် ပြန်လာမှာကို စောင့်နေရင်း ဆာနေတဲ့ ဗိုက်လေးကိုလည်း ငုံ့ကြည့်သေးသည်။
"ရိပေါ် နာရီကို.ကြည့်တော့ 8နာရီ အခုအချိန်ဆို အိမ်မှာ ကလေး တစ်ယောက်တည်း ပျင်းနေမလား "
ရိပေါ် စိတ်ထဲကနေ တွေးရင်း သက်ပြင်းလေး ချမိသည်။
"ဝမ်ရိပေါ် မင်း ဘာလို့ ရှောင်ကျန့် ကို မခေါ်လာတာလဲ "
"ကလေးကို ငါ ဒီနေရာ ကို မခေါ်လာချင်ဘူး ဒီနေရာ က လူတွေက မူးရင် စိတ်နဲ့ကိုယ်နဲ့ ကပ်ကြတော့တာ မဟုတ်ဘူး ပြီးတော့ ကလေးကို ကြည့်တာတောင် ငါက မကြိုက်တာ .အဲ့တာကြောင့် "
ယွီပင်း နဲ့ ကျန်းချန် ခေါင်းလေးငြိမ့်လိုက်သည်။
"ငါပြန်တော့မယ် အိမ်မှာ ကလေးတစ်ယောက်တည်း "
"အခုမှ 8နာရီဘဲ ရှိသေးတာကို "
"အင်း ငါ သိတယ် ငါပြန်တော့မယ် ကျန်းချန် ယွီပင်း မင်းတို့လည်း ပြန်တော့ မှာလား "
"လာပြန်ကြရအောင် မင်း မနက်ဖြန် ကုမ္ပဏီ ကို လာမှာ မလား "
"အင်း လာခဲ့မယ် "
"ပြန်ကြရအောင် ငါလည်း မနက်ဖြန် ဆေးရုံမှာ ဂျူတီ ရှိတယ် "
"အင်း."
••••••••••••••
ရိပေါ် စီးတဲ့ ကားလေးဟာ ခြုံထဲသို့ ဝင်လာတာကို တွေ့တော့ ရှောင်ကျန့် မတ်တပ်ရပ်ကာ ရိပေါ် ကားပေါ်က ဆင်းလာမှာကို စောင့်နေသည်။ ကားထဲမှာရှိတဲ့ ရိပေါ် ဟာလည်း ပြုံးနေခဲ့တယ် ။ ကလေးက သူ့ကို အပြင်မှာ ထွက်ကြိုနေခဲ့တာ မလား ။
"ကိုကို. "
ခပ်တည်တည် နဲ့ ကားပေါ် ကနေ ဆင်းလာတဲ့ ရိပေါ် ။
"ကိုကို ထမင်းစားရအောင် ကျွန်တော် ကိုကို့ ကို စောင့်နေတာ "
ရိပေါ် မျက်မှောင်လေး ကျုံ့လိုက်သည်။ ကလေးက အခုထိ ထမင်း မစားရသေးဘူးတဲ့လား ။
"ဘာလို့ မစားသေးတာလဲ 8နာရီတောင် ကျော်နေပြီ "
"ဟို ကိုကို့ ကို စောင့်နေတာ "
YOU ARE READING
တစ်ကယ် ချစ်မိပြီ (Complete)
Fanfictionကိုကို ထွက်သွားတော့မှ ကိုကို့ ရဲ့ အချစ်တွေကို နားလည်ခဲ့တာပါ ကျွန်တော် တစ်ကယ်ချစ်မိပြီ ကိုကို့ ကို အရမ်းချစ်တယ်ကိုကို