အပိုင်း (10)

2.1K 137 5
                                    

တစ်ကယ်  ချစ်မိပြီ

အပိုင်း (10)

ရှောင်ကျန့် အပေါ်ထပ်ကနေ ဆင်းလာတာတော့  ရိပေါ် ပျော်သွားတယ် အကြောင်းကတော့ ရှောင်ကျန့် ဟာ ရိပေါ် ထုတ်ပေးခဲ့တဲ့ အဝတ်အစားလေးကို ဝတ်တာမို့ ရိပေါ် အရမ်းပျော်သွားတာပါ

"မား သားတို့ သွားတော့မယ်နော်"

"အင်း.....ကားလည်း ဂရုစိုက် မောင်းဉီး"

"ဟုတ်မား "

ရိပေါ် လည်း ရှောင်ကျန့် လက်ကို ဆွဲကာ ကားပေါ် ခေါ်သွားတယ်

"ဟေ့လူ လွှတ် ကျွန်တော် ကလေး မဟုတ်ဘူး လက်ကို လာဆွဲမနေနဲ့"

"ကလေးကလည်းကွာ...... လာ တက် "

ရှောင်ကျန့် လည်း ရိပေါ် ကို ဘုကြည့်ကြည့်ကာ ကားပေါ်တက်လိုက်တယ် ရှောင်ကျန့် ကားပေါ် တက်ပြီရော ရိပေါ် ဟာ အလိုက်သတိ ခေါင်းလေးတိုးဝင်ကာ ခါးပတ်လေး ပတ်ပေးလိုက်တယ်

ရှောင်ကျန့် မှာ ရိပေါ် လုပ်ပေးတဲ့ အပြုအမူတိုင်းကို နွေးထွေးတယ်လို့ ခံစားရတယ်

ရိပေါ် ခါးပတ်ပတ်ပေးပြီးတာနဲ့ နေ့လည်စာ စားဖို့ ဆိုင်တစ်ဆိုင်ကို မောင်းလိုက်တယ်

ဆိုင်ထဲရောက်တော့ စားစရာတွေ မှာနေတယ်

ရှင်းချန် လည်း  ဆိုင်ထဲဝင်လာတော့ ရှောင်ကျန့် ကို တွေ့တာ မို့ သူတို့ဝိုင်းဆီ သွားလိုက်တယ်

"ကျန့်လေး "

"အကိုရှင်းချန် နေ့လည်စာ လာစားတာလား"

"အင်း ဟုတ်တယ် "

ရှင်းချန် လည်း ရိပေါ် ကို မြင်တော့

"ကျန့်လေး သူက...?"

"အော်.....အဲ့တာက....ကျွန်တော် နဲ့ လက်ထပ်မယ့်လူပါ အကို ဝမ်ရိပေါ် ပါ "

ရှင်းချန် မျက်နှာတော့ပျက်မိသွားတယ်

"လာ ထိုင်လေ အကိုရှင်းချန် အတူတူစားတာပေါ့"

"အင်း....."

"အကိုတို့ မှာထားတာ ရပါပြီ "

"ဟုတ်ကဲ့"

"ကျန့်လေး ထည့်စားနော် လာ အကိုလုပ်ပေးမယ်"

ရှောင်ကျန့် သိပါတယ် အကိုရှင်းချန် လာပြီဆိုကတည်းက ရိပေါ် မျက်နှာ ပျက်နေတာကို

တစ်ကယ် ချစ်မိပြီ (Complete) Where stories live. Discover now