တစ်ကယ် ချစ်မိပြီ
အပိုင်း (9)
မနက်မိုးလင်းလို့ ရိပေါ် နာရီကြည့်တော့ 7နာရီခွဲ ပြီ
"ကလေး.....ကလေး....ထတော့ကွာ...ကိုကို ကလေးနဲ့ မနက်စာ စားချင်တယ် ကလေး...ကလေး..."
ရိပေါ် နှိုးလိုက်တော့ ရင်ခွင်ထဲက ကလေးပေါက်က
"မား....သားအခုမှနာတာ သက်သာတာ အိပ်ချင်သေးလို့မား "
ရှောင်ကျန့် လည်း ပြောပြီးတာနဲ့ ပြန်အိပ်သွားတယ်
ရိပေါ် မှာ ပြုံးကာ ခေါင်းရမ်းလိုက်တော့တယ် သူကိုယ်တိုင် လည်း သိပါတယ် အဲ့နေ့ညက သူတော်တော်ကြမ်းမိသွားတယ်ဆိုတာ
အခုလည်း ကလေးနဲ့အတူ မနက်စာ စားမလို့လုပ်တာ ကလေးက အခုမှနာတာ သက်သာတာဆိုတော့ ရိပေါ် မနှိုးရက်တော့ဘူး
ရိပေါ် ရှောင်ကျန့် ပါးလေးကို နမ်းလိုက်တယ် နောက်ဆုံး နှုတ်ခမ်းလေးကို နမ်းကာ ရေချိုးလိုက်တော့တယ်
"မိန်းမ. ကလေးတွေ မနိုးသေးဘူးလား"
"နေဉီး သွားနှိုးလိုက်မယ်"
"မား ကျန့်လေးက အိပ်တုန်း မနှိုးပါနဲ့တော့ "
"သားက . ကုမ္ပဏီ သွားမလို့လား "
"ဟုတ်မား..... မား ကျန့်လေးက အိပ်နေတာ သွားမနှိုးနဲ့နော် နိုးလာရင်လည်း မနက်စာစားရင် ဘေးနားမှာ နေပေးလိုက်နော် "
"မား ကလေးက အိမ်ပြန်မယ်ပြောရင် မပြန်ခိုင်းနဲ့နော်မား"
"မား ကလေးကို သား ကုမ္ပဏီ သွားနေတုန်းအလုပ်တွေ မခိုင်းနဲ့နော် "
"အခန်းထဲမှာဘဲ နေခိုင်းနော်မား "
ဝမ်ပါးနဲ့ ဝမ်မားမှာ သူတို့ရဲ့သားဖြစ်သူကြည့်ကာ
"သားရယ် မင်းရဲ့မားသိပါတယ် ပါးစပ်က ကို မချတော့ဘူးမှာနေတာ "
"ပါးရယ် ဖြစ်နိုင်ရင်လေ သားက ကလေးကို ကုမ္ပဏီ ကိုတောင် ခေါ်သွားချင်တာ အခုဟာက ကလေးအဆင်မပြေလို့ "
"သား ကုမ္ပဏီ ကိုသာ အေးအေးဆေးဆေး သွား စိတ်မပူနဲ့ ဟုတ်ပြီလား "
"ဟုတ်.....မား..ပါး...သား ကလေးကို လက်ထပ်ချင်ပြီ "
"အင်း ပါးလည်း ဖုန်းဆက်မလို့ သားကျန့်လေးရဲ့ပါး ခရီးက ပြန်လာပြီလားလို့ ပြန်လာရင် သားနဲ့ ကျန့်လေးကို ပါးတို့က လက်ထပ်ပွဲ လုပ်ပေးတော့မှာ "
YOU ARE READING
တစ်ကယ် ချစ်မိပြီ (Complete)
Fanfictionကိုကို ထွက်သွားတော့မှ ကိုကို့ ရဲ့ အချစ်တွေကို နားလည်ခဲ့တာပါ ကျွန်တော် တစ်ကယ်ချစ်မိပြီ ကိုကို့ ကို အရမ်းချစ်တယ်ကိုကို