တစ်ကယ် ချစ်မိပြီ
အပိုင်း (40)
Company ကို ကားမောင်းလာတဲ့ ဝမ်ရိပေါ် ရဲ့ ပေါင်မှာ ရှိနေတဲ့ သားသားလေး ။ ရှောင်းကျန့် ကတော့ အိပ်ပျော်နေတယ်လေ ။
"ဒယ်ဒီ "
တိုးတိုးလေး အသံလေးက ။ သူ့ပါပါး နိုးမှာဆိုးလို့ ။
"အင်း ပြောလေ သားသားလေး "
"ပါပါး က နေမကောင်း ဘူးလားဟင် "
"သားသားလေး ရဲ့ ပါပါး က နေကောင်းပါတယ် အိပ်ရေးမဝလို့ အိပ်နေတာ "
"ဟုတ်ကဲ့ ဒယ်ဒီ "
•••••••••••••••
အိပ်ပျော်နေတဲ့ ရှောင်းကျန့် ကသာ မသိတာ ။ ဝမ်ရိပေါ် က သားသားလေး ကို ချီပြီး ယွီပင်း လုပ်နေတဲ့ ဆေးရုံ ကို သွားလိုက်သည်။ ထို့နောက် Company ဆီသို့ ။
"ကလေး ဆေးသောက်လိုက်ဉီး "
"ဘယ်အချိန်က သွားယူလိုက်တာလဲဟင် အကိုယွီပင်း ဆီက "
"Company ကို လာတော့ တစ်ခါတည်း ယွီပင်း ဆီ ဝင်လိုက်တာ.... ကလေးက အိပ်ပျော်နေတာလေ ကားပေါ် မှာ အဲ့တာကြောင့် ကိုယ် မနှိုးတော့တာ. ဆေးသောက်လိုက်ဉီး နာနေသေးလား ကလေး "
"ဟာ...ကိုကို ဗျာ ဘာတွေ လာမေးနေမှန်းလည်း မသိဘူး နာအောင် သူဘဲ လုပ်ထားပြီး နာလားတဲ့ "
နှုတ်ခမ်း ဆူကာ ပြောပြလာတဲ့ ရှောင်းကျန့် ရဲ့ စကားကို သဘောကျတာမို့ ရယ်လိုက်တဲ့ ဝမ်ရိပေါ် ။
ဆိုဖာပေါ် မှာ ရှောင်းကျန့် နဲ့ အတူထိုင်ကာဝမ်ရိပေါ် ပေးတဲ့ စာရွက် ပေါ်မှာ ဟိုခြစ်ဒီခြစ် နဲ့ ရေးဆွဲနေတဲ့ သားသားလေး ။
"ဒယ်ဒီ လက်မှတ်ထိုးပေး.."
ခုံပေါ်မှာ ထိုင်နေတဲ့ ဝမ်ရိပေါ် ရဲ့ ခြေသလုံးလေးတွေကို လာဖက်လိုက်တဲ့ သားသားလေး ကို ဝမ်ရိပေါ် ကောက်ပွေ့လိုက်သည် ။ လက်ထဲမှာ ဟိုခြစ်ဒီခြစ် နဲ့ ရေးဆွဲထားတဲ့ စာရွက်လေး ။
နေ့တိုင်း ရုံးခန်း ထဲကို လာပြီး လက်မှတ်ထိုးခိုင်းတာကို သားသားလေး က မြင်တွေ့နေရတယ်လေ ။ ဒါ့ကြောင့် သားသားလေး ဟာလည်း လက်မှတ်ထိုးခိုင်းတာ ဖြစ်မယ် ။
YOU ARE READING
တစ်ကယ် ချစ်မိပြီ (Complete)
Fanfictionကိုကို ထွက်သွားတော့မှ ကိုကို့ ရဲ့ အချစ်တွေကို နားလည်ခဲ့တာပါ ကျွန်တော် တစ်ကယ်ချစ်မိပြီ ကိုကို့ ကို အရမ်းချစ်တယ်ကိုကို