အပိုင်း (18)

2K 135 1
                                    

တစ်ကယ် ချစ်မိပြီ

အပိုင်း (18)

ရိပေါ် အထဲရောက်တော့ ရှောင်ကျန့် က မွေ့ယာပေါ်မှာ အသံတိုးတိုးလေးနဲ့.. ငြီးနေသည်။ အနားသို့ ကပ်သွားတော့

"ကိုကို မလာသေးဘူးလားဟင်..မြန်မြန်လာပါ ကိုကို ရယ်. "

"ရှောင်ကျန့်.... "

"ကိုကို....ကျွန်တော် ကြောက်တယ်.. "

ရိပေါ် ရှောင်ကျန့် ရဲ့အနားရောက်သွားတော့....

"ဝေါ်....ဂျိမ်း...ဂျိမ်း..."

မိုးခြိမ်းသံအကျယ်ကြီးကြောင့် ရှောင်ကျန့် ရိပေါ် ရဲ့ ခါးလေးကို ထိုင်လျက်ဖက်ထားသည်။

ဘယ်လောက်တောင် ငိုထားတာလဲ ကလေးရယ် ကိုယ့်ကိုကိုယ် ဂရု မစိုက်ဘူးလားလို့ ပြောမယ်လုပ်တော့ ကျွန်တော် က သူ့ကို ကွာရှင်းပေးခဲ့ပြီးပြီမလား...

ရိပေါ် ရှောင်ကျန့် ကိုယ်လေးကို အသာအယာကျောပြင်လေးနဲ့ မွေ့ယာလေးကို ကပ်လိုက်သည်။ ကိုယ်တွေ အရမ်းပူနေတဲ့ ကလေးကို ရေပက်တိုက်ပေးရဉီးမယ်လေ  ။

"ကိုကို ဘယ်သွားမလို့လဲ အခုမှ လာပြီး ပြန်တော့ မလို့လား"

"မဟုတ်ဘူး မင်းကို ရေပက်တိုက်ပေးမလို့ "

"ဟင့်အင်း...အခုမလုပ်ပေးနဲ့ဉီး...ကြောက်တယ် အနားနားမှာ နေပေးပါနော်... ကျွန်တော် ခေါင်းတွေ မူးတယ် ကိုကို့ရဲ့ ရင်ခွင်ထဲမှာ အိပ်ချင်တယ်.. "

ရိပေါ် လည်း မွေ့ယာပေါ် တက်လိုက်သည်။ ကလေး အိပ်ပျော်သွားမှဘဲ ရေပက်တိုက်ပေးတော့မယ်လို့ တွေးလိုက်သည်။

မိုးခြိမ်းတိုင်း ရင်ခွင်ထဲမှာ အိပ်နေတဲ့ ကလေးနိုးမှာကြောက်လို့ ကျောပြင်လေးကို အသာအယာပွတ်ပေးတော့ မိုးခြိမ်းသံ ကိုမကြားသလို ရင်ခွင်ထဲမှာ နှစ်နှစ်ခြိုက်ခြိုက်ကို အိပ်ပျော်နေသည်။ ကိုယ်အရမ်းပူနေတာမို့ ရိပေါ် ရှောင်ကျန့် ကို ရေပက်တိုက်ပေးမယ်လုပ်တော့ ကလေးရဲ့ လက်လေးတွေက ရိပေါ် ရဲ့ ခါးစက အကျီစလေးကို လက်သွယ်သွယ်လေးတွေက ဆုပ်ကိုင်ထားသည်။ ဆုပ်ကိုင်ထားတဲ့ လက်လေးကို ဖြေးဖြေးလေး ဖြေချရင်း ရေပက်တိုက်တိုက်ဖို့ ရေနဲ့ ဇလုံလေးရယ် အဝတ်စလေးရယ် ယူလာသည်။

တစ်ကယ် ချစ်မိပြီ (Complete) Where stories live. Discover now