အပိုင်း(17)

2K 130 3
                                    

တစ္ကယ္ခ်စ္မိၿပီ

အပိုင်း (17)

ရှောင်ကျန့် စားလည်း စားရင်း မျက်လုံးကလည်း ရိပေါ် ကို ကြည့်နေသေးသည်။ စိတ်ထဲကလည်း သူစားလို့ မပြီးမချင်း ကိုကို မသွားပါစေနဲ့ဆိုပြီး..ဆုတောင်းရင်း..

"ကလေးရယ် ဖြေးဖြေး စားတာ မဟုတ်ဘူး ကလေး စားပြီးတဲ့ အထိ ကိုကို စောင့်မှာပါ..."

ရိပေါ် ရှောင်ကျန့် မမြင်အောင် ဖုန်းလေးနဲ့ ထောင်ကာ ကြည့်နေသည်။ ရှောင်ကျန့် စားလို့လည်း ပြီးရော ရိပေါ် ဆိုင်ထဲက ထွက်သွားတာမို့ ရှောင်ကျန့် မှာ နောက်ကနေ မသိမသာ လိုက်နေသည်။

ရိပေါ် သွားတဲ့ နောက် ရှောင်ကျန့် လိုက်ရင်း မရောက်ဖူးတဲ့ နေရာလေးတွေ အရမ်းလှတဲ့ နေရာလေးတွေမှာ ရှောင်ကျန့် ဓာတ်ပုံလေးတွေ ရိုက်ရင်း မျက်နှာ လေးကလည်း ပြုံးရွှင်လို့... ကိုကို ဝင်သွားတဲ့ ဆိုင်တိုင်းကို သူလိုက်ဝင်သွားတိုင်း ဝန်ဆောင်မှု ပေးတာကြီးဘဲ ပိုက်ဆံ ရှင်းရတယ် ဆိုတာလည်း မရှိဘူး..ရိပေါ် သွားတဲ့ နောက်လိုက်ရင်း ရေခဲ့မုန့် ဆိုင်လေး တွေ့တော့

"ရေခဲ့မုန့် စားချင်တယ်. ဒါပေမဲ့ ငါ ဝယ်နေတုန်း ကိုကိုက ဘယ်သွားမှန်း မသိလိုက်ရင်..ဘယ်လို လုပ်မလဲ.. "

ရှောင်ကျန့် ရေခဲ့မုန့်ဆိုင်  ငေးနေတာကို ရိပေါ် မြင်တော့ အရှေ့က ရေခဲ့မုန့်ဆိုင်လေးကို ရိပေါ် ဝင်သွားသည်။ ရှောင်ကျန့် လည်း နောက်က လိုက်ရင်း ဆိုင်ထဲ ရောက်တော့ အကုန်လုံးက အတွဲတွေနဲ့ ရေခဲ့မုန့်လာစားကြသည်။ ရုတ်တရက် ဆိုသလို..လက်ကို လာကိုင်တာမို့ ကြည့်တော့

"ကိုကို..."

"မင်း ဘယ်အချိန်ထိ ငါ့အနောက်ကို လိုက်နေမှာလဲ.... "

"ကိုကို သိနေတာလားဟင်..."

"ငါ တစ်ယောက် တည်း အေးဆေးနေချင်တယ် ငါ့ နောက် လိုက်မလာနဲ့.. "

"ကိုကို ကျွန်တော် ရေခဲ့မုန့်စားချင်တယ် ဝယ်ကျွေးပါလားဟင်.."

"ပြီးရင် ငါ့ နောက် ထပ်မလိုက်နဲ့... "

ရိပေါ် လည်း ရေခဲ့မုန့်ဝယ်ပေးပြီးတာနဲ့ ရှောင်ကျန့် ကို ပေးကာ ဆိုင်ထဲက ထွက်သွားတာမို့ ရှောင်ကျန့် မှာ နောက်က လိုက်ရသေးသည်။

တစ်ကယ် ချစ်မိပြီ (Complete) Where stories live. Discover now