အပိုင်း (7)

2.2K 141 0
                                    

တစ်ကယ်  ချစ်မိပြီ

အပိုင်း (7)

"ရိပေါ်.... မင်းအခုသွားလိုက်...ငါ ကုမ္ပဏီ ကို ကြည့်ထားပေးမယ် လက်မှတ်ထိုးရမဲ့ဖိုင်တွေ မင်းရုံးတက်မှ ထိုးလိုက်"

"ကျေးဇူးဘဲ ငါ့ကောင်ကြီး "

"လာကျေးဇူးတင်မနေနဲ့ Club မှာ ငါ့ကို တစ်ယောက်တည်းထားခဲ့ပြီးတော့"

"မင်းကလည်း ကွာ အားတဲ့နေ့ သွားမယ်ကွာ "

"အေးပါ မင်းကတိနဲ့ မင်းနော် "

"အေး အေး အခုတော့ ငါ သွားလိုက်ဉီးမယ်"

•••••••••••••••••

"သားကျန့်.....မား.ဆရာဝန် ခေါ်လိုက်မယ် "

"မခေါ်နဲ့နော် မား သားက ခြေထောက်ဘဲ နာတာလေ.... ဟင့်အင်း...မခေါ်နဲ့နော်"

ရှောင်မားလည်းပြောမရတာကြောင့် အောက်ထပ်ကို သာ ဆင်းလာတော့မယ် အိမ်ရှေ့မှာ ကားရပ်သံကြားတာမို့ ကြည့်လိုက်တော့

"မား "

"သားဝမ်....ဘာကိစ္စ ရှိလို့လဲ"

"မား..... ကျန့်လေးရော ခြေထောက်နာတာ သက်သာပြီလား"

"လာ ထိုင်ဉီး.... မားလည်း အဲ့အကြောင်းပြောမလို့"

"ဟုတ်မား"

"သားကျန့် အိပ်ယာထဲမှာဘဲနေနေတယ် ထမင်းလည်း ထမစားဘူး.အောက်ထပ်လည်း မဆင်းလာဘူး ပြီးတော့ သူငယ်ချင်း တွေနဲ့လည်း အပြင်မသွားဘူး သားသိလား သားကျန့်လေး ဘာဖြစ်နေတာလဲ ဆိုတာ "

"ဆရာဝန် ခေါ်မယ်ဆိုတော့လည်း အခေါ်မခံဘူးလေ ခြေထောက်ဆေးလိမ်းပေးမယ်ဆိုလည်း မဟုတ်ရဘူး "

"ဟိုလေ.....မား ကျွန်တော် တောင်းပန်ပါတယ်... "

"သားက ဘာကိစ္စ တောင်းပန်တာလဲ "

ရိပေါ် လည်း အကြောင်းစုံရှင်းပြလိုက်တော့ ရှောင်မားမှာ မျက်လုံးတောင် ပြူးသွားတယ်

" မား ကျွန်တော် တောင်းပန်ပါတယ် ကျန့်လေးကို လက်မထပ်ရသေးဘဲ ကျွန်တော် လုပ်မိသွားတဲ့အတွက် "

"သားရယ် မတောင်းပန်ပါနဲ့ ဘယ်လို ဘဲ ဖြစ်ဖြစ် မားက သားကျန့်ကို သားဝမ်နဲ့ဘဲ လက်ထပ်ပေးမှာ "

တစ်ကယ် ချစ်မိပြီ (Complete) Where stories live. Discover now