တစ်ကယ်ချစ်မိပြီ
အပိုင်း (20)
ရိပေါ် ဖုန်းသုံးရင်း နာရီ ကြည့်တော့ 10နာရီ ရေချိုးခန်းထဲ ဝင်ကြည့်တော့ မျက်ရည် တွေ ဝဲနေတဲ့ သူ့ရဲ့ချစ်ရသူလေး ပြီးတော့ လက်တွေလည်း ရဲလို့...
"ထတော့ အိပ်မယ် ထ...."
"မထဘူး မပြီးသေးဘူး ပြီးမှဘဲ အိပ်မယ်... "
"ထတော့ အအေးမိမယ် မလျှော်နဲ့တော့.... "
"မထဘူး...ရတယ် "
"သေချာလား....မထဘူးဆိုတာ.."
"သေချာတယ်..... ချပေး အောက်ချ ပေးလို့ ပြောနေတယ်.... "
ရိပေါ် ရှောင်ကျန့် ကိုယ်လေးကို ပွေ့ကာ မွေ့ယာပေါ် ခေါ်သွားသည်။
"အိပ်တော့ အိပ်ဆို အိပ်... "
"ကိုယ့်အခန်းကိုယ် ပြန်အိပ်မယ် .."
"မရဘူး..ငါ့ အခန်းမှာ အိပ်... "
ရိပေါ် ရှောင်ကျန့် ကိုယ်လေးကို တင်းကြပ်နေအောင် ဖက်ကာ အပေါ် ကနေ စောင် ခြုံလိုက်သည်။
"အကျီတွေရော ဘောင်းဘီတွေရော ရေစိုနေတာလား....ထ အဝတ်အစားလဲ အအေးမိလိမ့်မယ် ထ..."
ရှောင်ကျန့် ထကာ အခန်းပြန်မယ် လုပ်တော့..
"အဲ့တာဘယ်လဲ "
"အဝတ်အစားလဲဆို အခန်းပြန်လဲ မလို့ ပြီးရင် အိပ်တော့ မယ်"
"မရဘူး...ငါ့ အဝတ်အစားတွေ ယူလဲလိုက်... "
"မလဲဘူး...."
"ရှောင်ကျန့် ငါ စိတ်မရှည်ဘူးနော်.... လာဆို လာခဲ့.. "
ရိပေါ် မျက်နှာ တည်ကာ ပြောတော့ ရှောင်ကျန့် မွေ့ယာနား ပြန်လာသည်။
"ဘယ်မှာလဲ အဝတ်အစားတွေက.. "
"အဲ့အခန်းမှာ ကြိုက်တာ ယူဝတ်..."
ရှောင်ကျန့် လည်း ရိပေါ် ပြတဲ့ အခန်းထဲ ဝင်ကာ အဝတ်အစားလဲလိုက်သည်။
"ကျွန်တော် ဆိုဖာပေါ် မှာ အိပ်မယ်.. "
"မအိပ်ရဘူး....ဒီမှာ လာ အိပ်.... ရှောင်ကျန့် ငါ မကြမ်းချင်ဘူးနော်... "
ရှောင်ကျန့် လည်း မွေ့ယာပေါ် တက်ကာ အစွန်းနားမှာ စောင်လေးခြုံ ကာ အိပ်မလို့ရှိသေး..ရိပေါ် က ရှောင်ကျန့် ရဲ့ ကိုယ်လေးကို သူ့ရင်ခွင်ထဲ သို့ ရောက်အောင် ဖက်လိုက်သည်။
YOU ARE READING
တစ်ကယ် ချစ်မိပြီ (Complete)
Fanfictionကိုကို ထွက်သွားတော့မှ ကိုကို့ ရဲ့ အချစ်တွေကို နားလည်ခဲ့တာပါ ကျွန်တော် တစ်ကယ်ချစ်မိပြီ ကိုကို့ ကို အရမ်းချစ်တယ်ကိုကို