တစ်ကယ် ချစ်မိပြီ
အပိုင်း (38)
"ငါ Company ကို မလာတဲ့ လေးရက် မှာဘာတွေ ထူးခြားသေးလဲ ကျန်းချန် "
"အင်း ပုံမှန်ဘဲ... ဝန်ထမ်း အသစ်တွေ ထပ်ခန့်ထားတယ် "
"ဒေါက်.....ဒေါက်..."
"ဝင်ခဲ့ပါ.. "
စကတ်တိုတို အကျီလည်ဟိုက်... ဆံပင်တွေကို အပေါ် မြှောက်စီးထားတဲ့ မိန်းကလေး ။ ကာလာတွေနဲ့ မျက်နှာအပြည့် နှုတ်ခမ်း နီ အနီရောင်ကို အရောင်ရင့်ရင့်ဆိုးထားတဲ့ မိန်းကလေး ။ ဒေါက်ဖိနပ် ခပ်မြင့်မြင့်နဲ့ သူမဟာ တစ်ခြား ယောကျာ်းလေးတွေ ရှေ့မှာဆို လှပနေပေမဲ့ ဝမ်ရိပေါ် အတွက်တော့ သာမန်ပင် ။
"အကိုလေးဝမ်.... လက်မှတ်ထိုးရမဲ့ ဖိုင်တွေပါ... "
"ထားခဲ့.... "
သူ့ကို ကြည့်ပြီး ဝမ်ရိပေါ် ဟာ ဘယ်လိုမှ နေတာမဟုတ်လို့ ထို မိန်းကလေး အလို မကျသလို ဖြစ်သွားတယ် ။ သူများမလှလို့လား ။ ဒါမှ မဟုတ် သူ့ရဲ့ အလှတွေက မပေါ်လို့ များလား။ အတွေးတွေနဲ့ ရုံးခန်းအပြင်ကို ထွက်တော့ မဲ့ မိန်းကလေး ကို ဝမ်ရိပေါ် ခေါ်လိုက်သည် ။
"နေဉီး "
ကျေနပ်သလို ပြုံးလိုက်တဲ့ မိန်းကလေး ။
ထို့နောက် သားသားလေး နဲ့ အတူ ဝင်လာတဲ့ ရှောင်ကျန့် ။ လက်မှာလည်း ကော်ဖီ ခွက်လေးနဲ့ ။
"ကိုကို ဒီမှာ ကော်ဖီ "
ဝမ်ရိပေါ် ရဲ့ အလုပ်စားပွဲပေါ် ကော်ဖီ ခွက်လေး ချပေးတော့ သားသားလေးက စကားလေး ပြောလိုက်တယ် ။
"ဒယ်ဒီ ကော်ဖီက ပူတယ် သားသား မှုတ်ပေးမယ်နော် "
ရှောင်ကျန့် ချီထားရင်း လက်သေးသေးလေး နှစ်ဖက်ကို ကမ်းတယ် ။ သူ့ကိုခေါ်ပါပေါ့ ။ ရှောင်ကျန့် လက်ထဲကနေ သားသားလေးကို ဝမ်ရိပေါ် ပြောင်းချီလိုက်သည် ။ ဝမ်ရိပေါ် ရဲ့ ပေါင်ပေါ်လေးမှာ ထိုင်နေရင်း ဝမ်ရိပေါ် က ကော်ဖီခွက်လေး ကိုင်ပေးတော့ ။ ကိုင်ထားတဲ့ ဝမ်ရိပေါ် လက်တွေကနေ လက်သေးသေးလေး တွေက ထပ်ကိုင်ကာ ကော်ဖီလေးကို နှုတ်ခမ်း လေး ဆူကာ မှုတ်ပေးနေသည် ။ ရှောင်ကျန့် နဲ့ ကျန်းချန် ကတော့ ဝမ်ရိပေါ် နဲ့ သားသားလေး ကို ပြုံး၍သာ ကြည့်နေတော့သည် ။
YOU ARE READING
တစ်ကယ် ချစ်မိပြီ (Complete)
Fanfictionကိုကို ထွက်သွားတော့မှ ကိုကို့ ရဲ့ အချစ်တွေကို နားလည်ခဲ့တာပါ ကျွန်တော် တစ်ကယ်ချစ်မိပြီ ကိုကို့ ကို အရမ်းချစ်တယ်ကိုကို