တစ်ကယ်ချစ်မိပြီ
အပိုင်း (21)
ရှောင်ကျန့် အတွေးတွေ နဲ့ လမ်းလျှောက်နေတုန်း လူတစ်ယောက် နဲ့ တိုက်မိသည်။
"အာ...Sorry ပါ. ဘာဖြစ်သွားသေးလဲ.... "
လဲကျသွားတဲ့ ရှောင်ကျန့် ကို ဆွဲထူရင်း ထိုလူ အံ့အားသင့်သွားသည်။ စိတ်ထဲကနေလည်း
"ကောင်လေး...... မင်းနဲ့ ကိုယ်နဲ့ ဆုံပြန်ပြီပေါ့ကွာ..."
"ဟုတ် ရပါတယ် ဘာမှ မဖြစ်ပါဘူး ..ဟေ့လူ...ဟေ့လူ...ခင်ဗျား ဘာဖြစ်သွားတာလဲ "
ရှောင်ကျန့် လည်း ထိုလူရဲ့ လက်ကို ဆွဲလှုပ်လိုက်တော့မှ ထိုလူလည်း အသိဝင်လာသည်။
"အာ...ကိုယ်အရမ်း အတွေးလွန်သွားတယ်.. ဒါနဲ့ ကိုယ့်ကို မှတ်မိလား..."
"ကျွန်တော့် ကို သိလို့လား.."
"မမှတ်မိဘူးလား လေယာဉ်ပေါ် မှာ တုန်းက ငိုနေသေးတယ်လေ... ဓာတ်ပုံလေးကို ကြည့်ရင်း...."
"မှတ်မိပြီ ကျွန်တော် မှတ်မိပြီ... "
"ဒါဆို ကိုယ်တို့ မိတ်ဆွေတွေ ဖြစ်သွားကြပြီနော်...နာမည်က. "
"ရှောင်ကျန့် ပါ..."
"ကိုယ့်နာမည်က .ဝူ မင်ယန်ပါ အကိုမင်ယန် လို့ဘဲ ခေါ်ပါ.... ကိုယ်က ရှောင်ကျန့်ထက် အသက်ပိုကြီးလောက်မယ် "
"ဟုတ် အကိုမင်ယန် ဒါဆို ကျွန်တော့် ကို ခွင့်ပြုပါဉီး.. "
"အာ နေဉီးလေ အရေးကြီးကိစ္စ ရှိလို့လား အလျင်လိုနေတာက ကိုယ်နဲ့အတူ ဆိုင်တစ်ဆိုင်မှာ စကား ပြောရအောင်လေ မိတ်ဆွေတွေ ဖြစ်နေပြီဘဲ.. "
"ဟုတ် အရမ်းမကြာဘူးမလား...အဲ့တာဆိုရင်တော့ အဆင်ပြေပါတယ် "
"လာ အဲ့ဆို ဒီနားက ဆိုင်လေးကို သွားကြရအောင် "
"ဟုတ် "
"ရိပေါ်..... နင် မနက်စာ မစားရသေးဘူးဆို.. "
"အင်း....."
"အဲ့ဆို ငါတို့ဆိုင်တစ်ဆိုင်မှာ စားကြရအောင် လေ ငါလည်း မစားရသေးဘူး."
"နင်စား ချင်ရင်စားလေ ငါ အိမ်မှာ ကလေးလုပ်ပေးတဲ့ မနက်စာ စားချင်လို့ "
YOU ARE READING
တစ်ကယ် ချစ်မိပြီ (Complete)
Fanfictionကိုကို ထွက်သွားတော့မှ ကိုကို့ ရဲ့ အချစ်တွေကို နားလည်ခဲ့တာပါ ကျွန်တော် တစ်ကယ်ချစ်မိပြီ ကိုကို့ ကို အရမ်းချစ်တယ်ကိုကို