အပိုင်း (4)

2.5K 169 2
                                    

တစ္ကယ္ခ်စ္မိၿပီ

အပိုင်း (4)

ရိပေါ် စာရင်းလုပ်နေချိန် ဝမ်ပါးဖုန်းခေါ်တာမို့ ကိုင်လိုက်တယ်

"တီ.....တီ...."

"ဟဲလိုပါး...ပြောလေ"

"သား...မြန်မြန်ပြန်လာခဲ့ ဒီမှာ မင်းရဲ့မား နှလုံးရောဂါ ဖောက်နေတာ စိုးရိမ်ရတယ်"

"ဟုတ် ပါး သားအခုချက်ချင်းလာခဲ့မယ်"

"သားကျန့်လေး ပြန်လာပြီလား ဘယ်လိုဖြစ်တာလဲ မျက်နှာကလည်း"

"ပါး ရှိလား မား"

"အင်း ရှိတယ်လာ"

ရှောင်ကျန့် ပြန်လာတာတွေ့တော့ ရှောင်ပါးက

"သား"

"သားအပြီးပြန်လာတာပါး လုံးဝမလုပ်တော့ဘူး ပါးခိုင်းတာကို "

ရှောင်ပါး လည်း သက်ပြင်းချကာ

"ဟုတ်ပြီလေ သားမှ မလုပ်ချင်တာ ဒါဆိုရင် သား အိမ်ထောင်ပြုရမယ်"

"ဟာ....ပါးကလည်း လုံးဝဘဲနော် ဟင့်အင်း....သားလူပျိုဘဝ မှာ ပျော်ချင်သေးတယ် လက်မထပ်ဘူး"

ရှောင်ကျန့် နှုတ်ခမ်းဆူကာ ခေါင်းတရမ်းရမ်းနဲ့ပြောနေတယ်

"မရဘူး ရှောင်ကျန့်..... မင်းအိမ်ထောင်ပြုရမယ် ဒါမှ မင်းအနေအထိုင်တွေ ဆင်ခြင်မှာ အခုတော့သူက ညတိုင်းကလပ်သွား မနက်ကြတော့လည်း နောက်ကျမှထ ပြီးတော့ ပြန်ထွက် ငါအသက်ကြီးလာပြီနော် ရှောင်ကျန့်.."

ရှောင်ပါး ဒေါသထွက်ကာ ဆူလိုက်တော့ ရှောင်ကျန့် မျက်ရည်တွေကျကာ

"ဟုတ်တယ် သားကို မှပါးတို့က မချစ်တာ အခုလည်းသားကို ဆူနေပြန်ပြီ.... ရတယ်ပါးသဘော...သားအိမ်ထောင်ပြုမယ်.."

ရှောင်ကျန့် လည်း ငိုပြီး အပေါ် ထပ်ကို ပြေးတက်သွားတယ်

"ရှင်ကလည်း သားကျန့်လေးကို ဘာလို့ဆူလိုက်တာလဲ "

"ဆူတော့မှ မင်း သားက လက်ခံတာလေ အခုတောင် သူကလက်ခံချင်တာမဟုတ်ဘူး ဒေါသထွက်ပြလိုက်လို့"

"တော်ပြီ ရှင်နဲ့မပြောတော့ဘူး သားကျန့်ကိုဘဲ သွားချော့တော့မယ်"

တစ်ကယ် ချစ်မိပြီ (Complete) Where stories live. Discover now