အပိုင်း (29)

2K 108 3
                                    

တစ်ကယ် ချစ်မိပြီ

အပိုင်း (29)

ရေချိုးပြီးလို့ ရေချိုးခန်းထဲ က ထွက်လာတော့ ရှောင်ကျန့် မရှိ။ သူရေချိုးနေတုန်း ကလေးများ သူ့ရဲ့ ပါးနဲ့မား အိမ်ပြန်သွားပြီ ထင်ပြီး ရိပေါ် ရှောင်ကျန့် ထုတ်ထားပေးတဲ့ အဝတ်အစားကို အမြန်ဝတ်ကာ အောက်သို့ ဆင်းလာသည်။ သိပ်ချစ်ဖို့ ကောင်းတဲ့ ကလေးက မား ဟင်းချက်နေတာကို ဘေးကနေပြီး မလုပ်တတ်လုပ်တတ်နဲ့ လုပ်ကူနေတယ်လေ ။

"သားရှောင်လေး မလှီးနဲ့ လက်ဖြတ်မယ်နော်.. "

"ရပါတယ် မား ကလည်း.... အ့....မား....သားလက်ကို ဓားပြတ်သွားပြီ.. "

ထမင်းစားခန်းရဲ့ အပေါက်ဝမှာ နံရံကို မှီကာ ရပ်နေတဲ့ ရိပေါ် ဟာ ချက်ချင်း ရှောင်ကျန့် အနားကို ရောက်လာသည်။

"မလုပ်တတ်ဘဲနဲ့ ဘာလို့ လျှောက်လုပ်နေတာလဲ လာခဲ့ "

ရိပေါ် ရှောင်ကျန့် ရဲ့ လက်ကို ဆွဲကာ ဆိုဖာနား.ခေါ်သွားသည်။

"ဖယ် ကျွန်တော့် အသားကို မထိနဲ့ "

"ငြိမ်ငြိမ်နေနော် ရှောင်ကျန့် "

ရိပေါ် ရှောင်ကျန့် ရဲ့ သွေးထွက်နေတဲ့ နေရာကို အရက်​ပြန်​လေး အနည်းငယ် စွတ်ပေးတော့ စပ်လို့ ထင်ပါရဲ့ လက်ကလေးက တစ်ချက်ချက် တွန့်သွားသည်။ ဆေးထည့်ပေးကာ လက်ကို အနာကပ် ပလာစတာလေး ကပ်ပေးထားသည်။

"နောက်ခါ ဝင်မလုပ်နဲ့ မင်းကို ဘယ်သူ လုပ်ခိုင်းလို့လဲ "

"ကျွန်တော် ဘာလို့ အဲ့လိုလုပ်လဲ မသိဘဲ မပြောနဲ့ "

"ရှောင်ကျန့် စိတ်တိုအောင် မလုပ်နဲ့နော် နောက်ခါ  ဒဏ်ရာ ရရင် ငါ့အဆိုးမဆိုနဲ့ "

"အကိုရိပေါ်.... "

"ပြော ဘာလဲ "

"သားလေးတို့ ရန်မဖြစ်ကြပါနဲ့ ကွယ် သားရှောင်လေး က သားအတွက်.... "

"မား မပြောနဲ့... "

"လာ လာ ထမင်းစားရအောင် နော် လာ ထ ပါးစောင့်နေပြီ "

"ဟုတ် ကဲ့ "

နှုတ်ခမ်း ဆူကာ ရှေ့ကနေ သွားနေတဲ့ ကလေးကို ဖက်နမ်းပစ်လိုက်ချင်တယ် ။

တစ်ကယ် ချစ်မိပြီ (Complete) Where stories live. Discover now