တစ်ကယ် ချစ်မိပြီ
အပိုင်း (31)
ဝမ်ရိပေါ် ရဲ့ကား ရှောင်အိမ်တော် ရောက်တော့ ရှောင်မား ထွက်ကြိုသည်။
"မား ကလေးရော "
"အခန်းထဲမှာ "
ဝမ်ရိပေါ် ရှောင်ကျန့် အခန်းထဲ ရောက်တော့ မွေ့ယာပေါ် မှာ ကလေးက ကွေးကွေးလေး ငြီးသံလေးကလည်း ထွက်နေသေးသည်။
"ကလေး ကလေး "
မွေ့ယာပေါ် အမြန်တက်ကာ ပူနေတဲ့ ကလေးရဲ့ ခန္ဓာကိုယ် လေးကို ရင်ခွင်ထည့်ထားတော့ မျက်ရည် တွေနဲ့ ကလေးရဲ့ ငြီးသံလေးက ပိုပီပြင်လာသလို ။
"ကိုကို ဟင့်...ချမ်းတယ်.... ကိုကို... ကျွန်တော့် အနားမှာ နေပေးပါ..ဟင့်.တောင်းပန်ပါတယ် "
"ကလေး ကလေး ကိုယ်ရောက်လာပြီလေ ကလေး ကလေး "
"မနိုးချင်ဘူး ကိုကို အသံ အိမ်မက် ထဲမှာ ကြားတယ် ကိုကို ဖက်ထားပေးပါ..."
"ကလေး ကလေး ကိုယ့်ကို ကြည့်ပါဉီး "
ခန္ဓာကိုယ် လေးကို လှုပ်နိုးလိုက်တော့ ကလေးက မျက်စိဖွင့်ကာ ကြည့်လာသည် ။
"ကိုကို ကိုကို "
"အင်း ကိုကို ပါ "
"ဟင့်....ကိုကို ချမ်းတယ် ဖက်ထားပေး..."
"အင်း..ကိုကို ဖက်ထားပေးမယ်နော် "
"ဒေါက်....ဒေါက်. ..."
တံခါး ခေါက်သံနှစ်အတူ ဝင်လာတာက ရှောင်မား နဲ့ ယွီပင်း ။ ကလေးက ရိပေါ် ရဲ့ ရင်ခွင်ထဲမှာ တုန်နေပြီး ပြန်အိပ်ပျော်သွားသည်။
"ယွီပင်း "
"အင်း....ရှောင်ကျန့် နေမကောင်း ဘူးဆိုလို့ ကျန်းချန် ဖုန်းဆက်တာနဲ့ ငါ တန်းလာတာ နည်းနည်း နောက်ကျသွားတယ် "
"အင်း ရတယ် ကလေး ကို ကြည့်ပေးဉီး "
ယွီပင်း လည်း ရှောင်ကျန့် ကို အဖျားတိုင်းပေးကာ အဖျားကျစေဖို့ ဆေးပေးခဲ့သည်။
"ငါ ဆေးပေးခဲ့တယ် နိုးလာတာနဲ့ အစားဝင်အောင် ကျွေးနော် အားလည်း အရမ်းနည်းနေတယ် "
"အင်း ကျေးဇူး ပါ ယွီပင်း ရာ "
"ငါ ပြန်တော့ မယ် တစ်ကယ် လို့ မသက်သာရင် ဖုန်းဆက်နော် ချက်ချင်း လာခဲ့ပေးမယ် "
YOU ARE READING
တစ်ကယ် ချစ်မိပြီ (Complete)
Fanfictionကိုကို ထွက်သွားတော့မှ ကိုကို့ ရဲ့ အချစ်တွေကို နားလည်ခဲ့တာပါ ကျွန်တော် တစ်ကယ်ချစ်မိပြီ ကိုကို့ ကို အရမ်းချစ်တယ်ကိုကို