အပိုင်း (16)

1.9K 117 3
                                    

တစ်ကယ် ချစ်မိပြီ

အပိုင်း (16)

"သားရိပေါ် စားလေ သားက အခုတလော အိမ်မှာ အစားသိပ်မစားဘူးလေ ဉီးလေးလက်ရာတွေ မကြိုက်လို့ထင်တာ အဲ့တာကြောင့် အပြောင်းအလဲလေး ဖြစ်အောင် ဆိုင်ကို ခေါ်လာတာ"

"မဟုတ်ပါဘူး ဉီးလေးလည်း သိမှာပါ အခုတလော ကျွန်တော် ကလေးကို လွမ်းနေတယ် သတိလည်း ရတယ် အဆင်ပြေပါ့မလား မသိဘူး..."

"စိတ်မပူပါနဲ့ သားရယ် အဆင်ပြေမှာပါ... ခဏ ဖုန်းလာနေလို့..  "

"ဟုတ် ကဲ့... "

ရိပေါ် တွေးနေမိသည်။ ဟုတ်ပါတယ် ကလေးအဆင်ပြေနေမှာပါ ကလေး မုန်းတဲ့ ကိုယ်က ကလေးအနားက ထွက်သွားပြီလေ ဒါပေမဲ့ ကိုယ်ကတော့ အဆင်မပြေဘူး ကလေးရယ် ကလေးနဲ့ ဝေးနေရတာက တစ်ကြောင်း ပြီးတော့ ကလေး အသစ်များရနေမလား...

"သားရိပေါ်.... ဉီးလေး သူငယ်ချင်း ဆေးရုံတက်နေရလို့ အဲ့တာ ဒီည ဉီးလေး ဆေးရုံ စောင့်ပေးရမှာ.... တစ်ယောက် တည်း ဖြစ်ရဲ့လား အိမ်ပြန်ဖို့ ကားယူသွားလိုက်.. ဉီးလေး Taxi စီးသွားလိုက်မယ်.. "

"ဟုတ် ရပါတယ် စိတ်မပူပါနဲ့ ကျွန်တော် ဆေးရုံကို လိုက်ပို့ရမလား.."

"ရတယ် ရတယ် ဉီးလေး သွားပြီနော်... "

"ဟုတ် ဉီးလေး."

ရိပေါ် လည်း ဆိုင်မှာ ညစာ စားပြီးတာနဲ့ အိမ်ပြန်ရန် ကားနားသို့ ထွက်လာခဲ့သည်။

"ကျွန်တော့် ကို ဘယ်ခေါ်သွားမလို့လဲ.. လွှတ်....."

"အာ...ဒီကောင်လေး က အရမ်း မိုက်တယ်ကွာ..အချိန်တွေ ကြာတယ် မြန်မြန်ခေါ်ခဲ့.. "

"လွှတ် .."

ရိပေါ် ရဲ့ ကားနားမှာ အသံကြားတာမို့ ကြည့်တော့ သူချစ်ရတဲ့ ကလေးကို လူသုံးယောက်က ဝိုင်းပြီး တစ်နေရာကို ဆွဲခေါ်နေသလို။

"ဟေ့ အခုချက်ချင်း လွှတ်လိုက်..."

"ကိုကို "

အကြားချင်ဆုံးစကားလေး ကို ကလေးက သူ့ကို ခေါ်နေခဲ့တာလား

"မလွှတ်တော့ ဘာဖြစ်လဲကွာ...."

ရိပေါ် လည်း ထိုလူသုံးယောက်နှင့်ထိုးကြိတ်ကြသည်။ သုံးယောက် တစ်ယောက်မို့ ရိပေါ် လည်း အနည်းငယ်တော့ ဒဏ်ရာ ရသည်။ လုံခြုံရေးသမားတွေ ရောက်လာတာနဲ့ ထို လူ သုံးယောက် လဲ ကြောက်ကာ ထွက်ပြေးသွားသည်။

တစ်ကယ် ချစ်မိပြီ (Complete) Where stories live. Discover now