တစ်ကယ် ချစ်မိပြီ
အပိုင်း (30)
"ဝမ်ရိပေါ် စိတ်နဲ့ ကိုယ်နဲ့ လည်း ကပ်ပါဉီးကွာ "
ကျန်းချန် ပြောရင်လည်း ပြောလောက်စရာဘဲ မလား။ မနက် ကုမ္ပဏီ ကို လာကတည်း လူက စိတ်နဲ့ ကိုယ်နဲ့ကို မကပ်တာ ။ ကလေးရယ် လွမ်းလိုက်တာ။
"ကျန်းချန် ရာ မင်းကလည်း ဒါတွေ အရင်ကလည်း မင်းလုပ်နေကျလေ အခုလည်း လုပ်လိုက်ပေါ့ ဘာတွေ လာပြောပြနေတာလဲ "
"ဝမ်ရိပေါ် အရင်ကနဲ့ မတူဘူး အရင်က မင်းက ကနေဒါ ကို ရောက်နေတာ အခုက မင်းက ကုမ္ပဏီ ကို ပြန် စီမံ သင့်နေပြီ မင်း ပြန်လာလို့ ငါ နားရမလားမှတ်တယ် ဒီအလုပ်တွေဘဲ ပိုပြီး လုပ်နေရတာ "
နှုတ်ခမ်းဆူကာ ရှေ့က ခုံပေါ် ထိုင်နေတဲ့ ကျန်းချန် ကို ကြည့်ပြီး ရိပေါ် ရီချင်မိသည်။
"ဒေါက်..... ဒေါက်...."
"ဝင်ခဲ့ပါ "
"အကိုရိပေါ် ရှောင်ကျန့် ရော မနေ့က သူက သူ့ကို တွေ့ချင်ရင် အကို့ရဲ့ ကုမ္ပဏီ ကို လာဆိုလို့ "
"ကလေးက သူ့အိမ်မှာ "
"ဟုတ် အဲ့တာဆို ကျွန်တော် တို့ကို ခွင့်ပြုပါဉီး "
ဝမ်ရိပေါ် ခေါင်းလေး.ငြိမ့်ပြလိုက်သည်။
•••••••••••••••••
"ရှောင်ကျန့် ရှောင်ကျန့် ငါတို့လာတယ် ရှောင်ကျန့် "
"သား သူငယ်ချင်း တွေပါလား လာလေ ထိုင် သားလေးကို ဒေါ်လေးသွားခေါ်ပေးမယ်နော် "
"ဟုတ်ကဲ့ "
ခဏနေတော့ ရှောင်မားနဲ့ အတူ ရှောင်ကျန့် ပါ အပေါ်ထပ် ကနေ ဆင်းလာသည်။
"သား ရှောင်လေး သူငယ်ချင်း တွေနဲ့ စကား ပြောလိုက်ဉီး မား စားစရာ တစ်ခုခု လုပ်ပေးလိုက်ဉီးမယ် သား သူငယ်ချင်း တွေ အတွက် "
"ဟုတ်ကဲ့ မား "
"ရှောင်ကျန့် မင်းက အိမ်မှာ ဆိုတာလည်း ဖုန်းကြိုမဆက်ဘူး ငါတို့မှာ အကိုရိပေါ် ရဲ့ ကုမ္ပဏီ တောင် ရောက်ခဲ့သေးတယ် "
"အင်း ငါ ညက ပြန်လာတာ "
"ရှောင်လေး နေမကောင်း ဘူးလား အားမရှိသလိုဘဲ "
YOU ARE READING
တစ်ကယ် ချစ်မိပြီ (Complete)
Fanfictionကိုကို ထွက်သွားတော့မှ ကိုကို့ ရဲ့ အချစ်တွေကို နားလည်ခဲ့တာပါ ကျွန်တော် တစ်ကယ်ချစ်မိပြီ ကိုကို့ ကို အရမ်းချစ်တယ်ကိုကို