တစ်ကယ် ချစ်မိပြီ
အပိုင်း (42)
"မား သားသားလေး ရော..."
"သားအခန်းထဲမှာ ပုံပြင်ပြောပြ ဉီးဆိုတာနဲ့ မားက ပြောပြနေတာ နားထောင်ရင်း အိပ်ပျော်သွားပြီ.. "
"ဟုတ်ကဲ့ မား..."
အခန်းထဲ ရောက်တော့ သားသားလေး က နှစ်နှစ်ခြိုက်ခြိုက် ကို အိပ်ပျော်နေတာလေ ။
"ကိုကို ရေချိုးတော့လေ... သားသားလေး နှိုးပြီးရင် ထမင်းစားရအောင် ...ကိုကို ရေချိုးနှင့် ကျွန်တော် သားသားလေး အနား နေလိုက်ဉီးမယ်.."
"ကလေးကလည်း သားသားလေး အိပ်နေတာဘဲ ရေအတူ ချိုးရအောင်လေ... "
"ဟာ...ကိုကို ဗျာ မချိုးဘူး...ကိုယ့်ဘာသာကိုယ် ချိုး..."
"ရှက်သွားတာလား...မျက်နှာလေးက ရဲနေတာ ပြပါဉီး အဲ့မျက်နှာလေးကို နမ်းချင်လို့.. "
"ကိုကို မစနဲ့တော့နဲ့နော်... သွားပါ..ရေသွားချိုးပါဆို.."
"အင်း...မစတော့ဘူး.နော်ရှက်နေတာလေးကကွာ..အသဲယားလာပြီ..... ကိုကို ရေချိုးတော့ မယ်.နော် "
"ဟုတ် အကြာကြီး မချိုးနဲ့နော် ကိုကို... အအေးမိနေမယ် "
"ဟုတ်ပါပြီဗျာ မကြာစေရဘူး..."
ရေချိုးခန်းထဲ ဝင်သွားတဲ့ ဝမ်ရိပေါ် ကို ကြည့်ကာ ရှောင်းကျန့် ပြုံးနေမိသည် ။ ကိုကို က တစ်ကယ် ချစ်ဖို့ ကောင်းတယ် ။
ရှောင်းကျန့် သားသားလေး ရဲ့ ဘေး ဝင်လှဲမလို့ ရှိသေးသည် မက်ဆေ့ ဝင်သံကြောင့် ဖုန်းလေးကို ကောက်ယူကြည့်မိသည် ။ အမည်မသိ ပို့လာတဲ့ မက်ဆေ့လေးက
"ရှောင်းကျန့်..... အရမ်းပျော်နေလား....မကြာဘူး အဲ့အပျော်တွေ ကုန်တော့ မှာ. "
ပို့လာတဲ့ မက်ဆေ့ လေးကို ကြည့်ကာ ရှောင်းကျန့် ပြန်ပို့လိုက်သည် ။
"ကျင်းလီလီ မင်းလား....မင်း ထင်သလို ဖြစ်လာမှာ မဟုတ်ဘူး..."
ပြန်ပို့လာတဲ့ စာလေးကို ကြည့်ပြီး ကျင်းလီလီ မဲ့ပြုံးလေး ပြုံးမိသည် ။ ဝမ် Company ကို သွားပြီး ကျန်းချန် ဆီကနေ ကျင်းလီလီ ဝမ်ရိပေါ် နဲ့ ရှောင်းကျန့် ရဲ့ ဖုန်း နံပါတ် ကို တောင်းလိုက်သည် ။ ကျန်းချန် လည်း ဝမ်ရိပေါ် နဲ့ ရှောင်းကျန့်ရဲ့ ဖုန်းနံပါတ် ပေးလိုက်သည် ။
YOU ARE READING
တစ်ကယ် ချစ်မိပြီ (Complete)
Fanfictionကိုကို ထွက်သွားတော့မှ ကိုကို့ ရဲ့ အချစ်တွေကို နားလည်ခဲ့တာပါ ကျွန်တော် တစ်ကယ်ချစ်မိပြီ ကိုကို့ ကို အရမ်းချစ်တယ်ကိုကို