အပိုင်း(14)

1.8K 127 1
                                    

တစ်ကယ် ချစ်မိပြီ

အပိုင်း (14)

ရှောင်ကျန့် မနက် အိပ်ယာနိုးတော့ လူတစ်ယောက် ရဲ့ ရင်ခွင်ထဲမှာ တင်းကြပ်စွာ ဖက်ထားခြင်းခံရတယ် ။ ညက အကြောင်းအရာတွေက မှတ်မိသလို မမှတ်မိသလို ။ ခန္ဓာကိုယ် တစ်ခုလုံးကလည်း မလှုပ်ချင်သလို လူက နုံးနေသည်။

"အာ ကလေး နိုးပြီလား...."

"ခင်ဗျား..."

ရှောင်ကျန့် အခုမှ သေချာ ကြည့်မိသည်။ နှစ်ယောက် လုံးမှာ အဝတ်အစားတွေ မရှိဘူး...ဒါဆို ညက အကိုရိပေါ် နဲ့ သူ.....

"အာ.....ညက ကလေး... "

"မကြားချင်ဘူး....ဘာတွေ ဖြစ်ကုန်တာလဲ ညက ကျွန်တော် က Club မှာလေ အခုက အခု...ခင်ဗျားနဲ့ ကျွန်တော် က... "

"ညက Club မှာ ဆေးမိ.လာတာ ကလေးက ပြီးတော့.."

"မုန်းတယ် ခင်ဗျားကို ကျွန်တော် မုန်းတယ် ကျွန်တော့် ကို ကွာ ရှင်းပေး...ကျွန်တော် ခင်ဗျားကို မုန်းတယ်.... ကျွန်တော် ဆေးမိတာကို အခွင့်ကောင်း ယူပြီး ခင်ဗျားက.. ခင်ဗျားက.. "

"မဟုတ်ဘူး... မဟုတ်ဘူး ကလေး..ကိုယ် အခွင့်ကောင်း ယူတာ မဟုတ်ဘူး "

"မထိနဲ့  ကျွန်တော့် အသားကို ခင်ဗျား.မထိနဲ့ ထွက်သွားပေးပါ....တောင်းပန်ပါတယ်. "

အခုအချိန်မှာ ရိပေါ် ဘာမှ ပြောလို့ ရမှာ မဟုတ်ဘူး ကလေးက ငိုနေတာကို....

" ကိုယ် ထွက်သွားပေးပါ့မယ် ကလေး.."

ရိပေါ် ကျန်းချန် ရဲ့ တိုက်ခန်းကို သာ ထွက်လာခဲ့တော့သည်။

မသိတော့ဘူး....တစ်ခါမှ ဆေးမမိဖူးတဲ့ ရှောင်ကျန့် က ညက ဘာတွေ ဖြစ်ခဲ့မှန်း တစ်ကယ် ကို မသိဘူး...မဟုတ်ဘူး မမှတ်မိတာ...ညက ဘာတွေ ဖြစ်ခဲ့လဲ ဆိုတာ

ကျန်းချန် ရဲ့ တိုက်ခန်းမှာလည်း စိတ်ညစ်ညစ်နဲ့ ရိပေါ် ဆံပင်တွေ ကြားထဲ လက်တွေ ထိုးဖွနေမိသည်။ နောက်ဆုံး ရိပေါ် ရဲ့ ပါးစပ်က ထွက်လာတဲ့ စကားလေး မျက်ရည်တွေနဲ့

"ငါ ကလေးဘေးနားက ထွက်သွားတော့မယ် ကျန်းချန် "

"ဘာ "

လိုချင်တဲ့အရာကို မရရအောင် ယူတတ်တဲ့ ရိပေါ်.... အခု သူအရမ်းချစ်ရပါတဲ့ဆိုတဲ့ ရှောင်ကျန့် ရဲ့ အနားက ထွက်သွားတော့မယ်တဲ့...လက်လွှတ်တော့မှာလား...

တစ်ကယ် ချစ်မိပြီ (Complete) Where stories live. Discover now