တစ်ကယ် ချစ်မိပြီ
အပိုင်း (32)
"ကလေး ကလေး ကလေး ခေါက်ဆွဲ ရပြီ စားရအောင် နော် "
"ကိုကို "
"အင်း ဖြေးဖြေးထ လာ ကိုကို ခွံ့ကျွေးမယ်နော်"
"သားရှောင်လေး နိုးပြီလား "
"ဟုတ် မား ကိုကို ပုဇွန် များများကျွေး "
"အခုမှဘဲ အစားစားတော့တယ် အဲ့ကတည်းကနေ မနေ့ကထိ ဘာမှကို မစားဘူး သူ့ကိုကို ကျွေးမှဘဲ စားရတော့တယ်"
"မားကလည်း အဲ့တုန်းက သားက ကိုကို့ကို လွမ်းနေလို့လေ "
"ဟုတ်ပါပြီ သားရိပေါ် ရှောင်လေးကို ကြည့်ထားပေးဉီး မား အပြင်သွားမလို့ "
"ဟုတ်ကဲ့ မား "
"ကလေး ဖြေးဖြေးစား နှုတ်ခမ်း တွေမှာလည်း ပေနေပြီကွာ ကိုကို သုတ်ပေးမယ်"
ရိပေါ် ရှောင်ကျန့် ကို ခေါက်ဆွဲ ပြုတ် ကျွေးကာ ဆေးတိုက်လိုက်သည် ။
"ကလေး အခန်းကို သွားရအောင် ကိုကို ချီမယ် "
စောင်တွေနဲ့ လုံးထွေးကာ ရှောင်ကျန့် ရဲ့ ခန္ဓာကိုယ် လေးကို ပွေ့ချီသွားသည် ။ အပေါ်ထပ် ရောက်တော့ ရှောင်ကျန့် ကိုယ်လေးကို အသာအယာချပေးကာ ရိပေါ် ပါ တစ်ခါတည်း ဝင်လှဲလိုက်သည် ။
"ကိုကို "
"အင်း ကလေး"
"ကိုကို့ ကို ကျွန်တော် မေးစရာ ရှိတယ်"
"အင်း မေးလေ ကလေး "
"ဘာလို့ အဲ့နေ့က အမဖေးဖေး ကို တစ်ရှူး ပေးတာလဲ "
"အော် ဒီ ကလေးဆိုးလေးက အဲ့တာကြောင့် ကိုကို့ ကို စိတ်ဆိုးပြီး ကိုကို လာတိုင်း ထွက်မတွေ့တာကိုး "
"ဟုတ်တယ် အဲ့တာ စိတ်ဆိုးတာ ဖြေပါ ကျွန်တော် မေးတာကို "
"ကလေးက မသိဘဲ သူက ကိုကို့ကို သူ့ နှုတ်ခမ်း မှာ ပေနေတာကို သုတ်ခိုင်းတာနော် ကိုကို က ကလေးက လွဲပြီး ဘယ်သူ့မှ မသုတ်ပေးချင်လို့ သူ့ကို ဒီအတိုင်း တစ်ရှူး ပေးလိုက်တာ "
"ပြီးရော ပြောထားမယ်နော် အမဖေးဖေး နဲ့ စကားလည်း မပြောနဲ့ အရောတဝင်လည်း မနေနဲ့ တတ်နိုင်သလောက် ကင်းအောင်နေ "
YOU ARE READING
တစ်ကယ် ချစ်မိပြီ (Complete)
Fanfictionကိုကို ထွက်သွားတော့မှ ကိုကို့ ရဲ့ အချစ်တွေကို နားလည်ခဲ့တာပါ ကျွန်တော် တစ်ကယ်ချစ်မိပြီ ကိုကို့ ကို အရမ်းချစ်တယ်ကိုကို