တစ်ကယ် ချစ်မိပြီ
အပိုင်း.(28)
ညနေ ကုမ္ပဏီ က အပြန် ရိပေါ် ဝမ်အိမ်တော် သို့ လာနေတုန်း ရှောင်မားဟာ ကြက်ပေါင်းရည် သောက်ချင်တယ်ဆိုလို့ ရိပေါ် နဲ့ ရှောင်ကျန့် Super Market သို့ လာကြသည်။ ကြက်ပေါင်းရည် ဝယ်ပြီး ရှောင်ကျန့် က ရေခဲမုန့် စားချင်တယ်ပြောတာကြောင့် ရိပေါ် တန်းစီကာ ရေခဲမုန့်ဝယ်နေသည်။ ရှောင်ကျန့် ကတော့ ဆိုင်ရှေ့လေးမှာ ရပ်စောင့်နေသည်။
ရှောင်ကျန့် ကို မြင်တဲ့ မင်ယန် ဟာ အနီးအနားတွင် ရိပေါ် ကိုလည်း ကြည့်လိုက်သေးသည်။
"ရှောင်လေး ဘာလာဝယ်တာလဲ "
အရမ်းကြီး အနားကို တိုးကပ်လာတဲ့ မင်ယန် ကြောင့် ရှောင်ကျန့် နောက်ကို ဆုတ်လိုက်သည်။
"အကိုမင်ယန် ဒီကို ဘာလာလုပ်တာလဲဟင် "
"အကို လိုအပ်တာလေး လာဝယ်ရင်း ရှောင်လေးကို တွေ့တာမို့ နှုတ်ဆက်တာ "
"ဟုတ် ကဲ့ "
ရှောင်ကျန့် ကတော့ ပုံမှန်အတိုင်း စကားပြောနေပြီ မျက်လုံးကတော့ ရိပေါ် ကို ကြည့်နေတယ်လေ ။ တန်းစီပြီး ရေခဲ့မုန့်ဝယ်နေရတဲ့ လူတွေထဲမှာ ကိုကို့ ကို ရှာရတာ မခက်ဘူး။
ရှောင်ကျန့် လိုက်ကြည့်တဲ့နေရာ ကို မင်ယန် လိုက်ကြည့်သည်။ ရိပေါ် က ရှောင်လေး အတွက် ရေခဲ့မုန့်ဝယ်နေတာ မလား။
"ရှောင်လေး.. "
"အကိုမင်ယန် ကျွန်တော့် လက်ကို လွှတ်ပါ ဘာလုပ်တာလည်း အကိုမင်ယန် "
"အကို ရှောင်လေး ကို ပြောစရာ ရှိတယ် "
"လက်ကို လွှတ်ပါ အကိုမင်ယန် ဒီအတိုင်း ပြောလည်း ရပါတယ် "
ရိပေါ် ရေခဲမုန့်ဝယ်နေတုန်း နောက်မှာ ရပ်စောင့်နေတဲ့ ရှောင်ကျန့် ကို ကြည့်လိုက်တော့ ဒေါသက ထောင်းခနဲ ။
"ရှောင်ကျန့် "
"ကိုကို.... "
"သိပ်ပျော်နေတယ်ပေါ့ လက်တွေတောင် ကိုင်နေကြတာ "
"မဟုတ်ဘူး ကိုကို ထင်သလို မဟုတ်ဘူး "
"လာခဲ့ အိမ်ရောက်မှ ရှင်းမယ် "
YOU ARE READING
တစ်ကယ် ချစ်မိပြီ (Complete)
Fanfictionကိုကို ထွက်သွားတော့မှ ကိုကို့ ရဲ့ အချစ်တွေကို နားလည်ခဲ့တာပါ ကျွန်တော် တစ်ကယ်ချစ်မိပြီ ကိုကို့ ကို အရမ်းချစ်တယ်ကိုကို