တစ်ကယ်ချစ်မိပြီ
အပိုင်း (2)
"မင်း ဘာလုပ်နေတာလဲ "
"ဟို....ဟို....."
"ပြောလေ မင်း ဘာလုပ်နေတယ်ဆိုတာ"
"အော်.....ဒီမှာလေ ဖိုင်တွဲတွေက ရှုပ်နေတာ အဲ့တာ ကျွန်တော် ရှင်းပေးနေတာပါ အကိုရိပေါ်"
"ဘယ်လို.....မင်းငါ့ကို ဘယ်လိုခေါ်လိုက်တယ်...ပြီးတော့ ငါ့နာမည် မင်းဘယ်လိုသိလဲ"
"ဟာ...အကိုရိပေါ် ကလည်း အကိုက ဒီလောက်အောင်မြင်နေတာလေ စီးပွားရေးလောကမှာ ဒါကို မသိတဲ့လူရှိရင် ရူးနေလို့ဖြစ်မယ်"
"အင်း...ထားတော့.....ဒါနဲ့ ဘာလို့ငါ့ကို အကိုလို့ခေါ်တာလဲ"
"အဲ့တာက သူဌေးလို့ခေါ်မယ်ဆိုလည်း အကိုရိပေါ် က အသက်တအားမကြီးဘူးလေ ပြီးတော့ ကျွန်တော့ အသက်ထက်ကြီးမယ်ထင်လို့ပါ "
"မင်းအသက် ဘယ်လောက်လဲ "
"23ပါ.. အကိုရိပေါ် ကရော "
"26.......မင်းသွားလို့ ရပြီ နောက်ခါ ငါ့ခွင့်ပြုချက် မရှိဘဲနဲ့ ငါ့အလုပ်စားပွဲပေါ်က ဖိုင်တွေကိုမထိနဲ့ "
"ဟုတ်....ကျွန်တော် သွားပြီနော် အကိုရိပေါ်"
ရှောင်ကျန့် လည်း ရုံးခန်း အပြင်ကို ထွက်သွားတယ်
"တော်ပါသေးတယ်...... ပါးနဲ့တော့ ခက်တာဘဲ အရေးကြီးတဲ့ ဖိုင်တွဲတဲ့ ဘယ်ဖိုင်တွေလည်း မသိဘူး အရေးကြီးတာက"
"ကျင်းရီ ရလား ကျန့်လေးကို ဆက်သွယ်လို့"
"မရဘူး အကိုရှင်းချန် "
"ညနေတောင် ရောက်နေပြီ....... ငါတို့ကို ဖုန်းလည်း မဆက်ဘူး"
"အကိုရှင်းချန်ကတော့လေ ရှောင်ကျန့် ကို မမြင်ရတာ နေ့တစ်ပိုင်းဘဲ ရှိသေးတယ် လွမ်းနေတယ်နော်"
"လွမ်းတာပေါ့ စစ်ကျွေးရဲ့"
"ကျန်းချန် VIPဧည့်သည်တွေ ရောက်နေပြီလား "
"ရောက်နေပြီ..... လာ Hotel ရှေ့မှာ စောင့်ရအောင် "
ရှောင်ကျန့် လည်း သန့်ရှင်းရေး လုပ်ပြီး ထွက်လာတော့
"ဘာလို့ လူတွေ အများကြီး ရှေ့မှာ စုနေတာလဲ "
"တွေ့ရတာ ဝမ်းသာပါတယ် "
YOU ARE READING
တစ်ကယ် ချစ်မိပြီ (Complete)
Fanfictionကိုကို ထွက်သွားတော့မှ ကိုကို့ ရဲ့ အချစ်တွေကို နားလည်ခဲ့တာပါ ကျွန်တော် တစ်ကယ်ချစ်မိပြီ ကိုကို့ ကို အရမ်းချစ်တယ်ကိုကို