တစ်ကယ် ချစ်မိပြီ
အပိုင်း (36)
"ကိုကို လွှတ်ဗျာ ဘာလို့ လူကို အတင်းလိုက်နမ်းနေတာလဲ "
"ချစ်လို့ပေါ့ ကလေးကလည်း ကိုကို့ ကို ပြန်နမ်းပါဉီး ကလေးရယ် "
"ကိုကို တော်ပါတော့ဆို ထမင်း စားရအောင်လေ Company မသွားဘူးလား"
"ကိုကို ထမင်း စားပြီးရင် ကိုကို လည်း အိပ်တော့ မယ် Company မသွားတော့ဘူး."
"အဲ့ဆို ထမင်းစားရအောင် လေ ကိုကို ကျွန်တော် မနက်ကတည်း က ဘာမှ မစားထားဘူး ကိုကို ပြန်လာမှဘဲ နေ့လည် အတူ စားမယ် ဆိုပြီး စောင့်နေတာ "
"ကလေးကကွာ ဘာလို့ မနက်စာ မစားတာလဲ "
"ကျွန်တော် မနက်က အိပ်ပျော်နေတာ ပြန်နိုးလာလို့ နာရီကြည့်တော့ 11ထိုးပြီလေ အဲ့တာကြောင့် ကိုကို့ ကို ကျွန်တော် နေ့လည်စားဖို့ တစ်ခါတည်း စောင့်လိုက်တာ "
"အခုရော ဗိုက်ဆာနေပြီမလား "
"အင်း ဗိုက်ဆာနေပြီ ကိုကို "
"လာ ထမင်းသွားစားရအောင် နော် ကလေး "
••••••••••••
အချိန်တွေ ရာသီတွေ ပြောင်းလဲလာခဲ့ကာ ရက်တွေကနေ လတွေ လတွေကနေ နှစ်တွေ တစ်နှစ်ပြီး တစ်နှစ် ပြောင်းလဲလို့လာခဲ့ပြီ ။
"ပါးပါး ပြီးသေးဘူးလားဟင် ဒယ်ဒီနဲ့ သားသား အောက်ထပ်မှာ စောင့်နေပြီ "
သားသားလေး ကို ပွေ့ချီထားတဲ့ ရိပေါ် ဟာ ပြုံးလို့ ။ နှုတ်ခမ်းလေးကို ဆူပြီး သူ့ပါးပါး ကို ခေါ်နေတယ်လေ ။
"လာပါပြီ ပါးပါး နောက်ကျသွားတယ်... ကိုကို ပေးလေ သားသားလေးကို ကျွန်တော် ချီလိုက်မယ် "
လုံးလုံးလေးနဲ့ အလုံထုပ်လေး ဖြစ်နေတဲ့ သားသားလေး ကို ရိပေါ် ရဲ့ လက်ထဲကနေ ပြောင်းကာ ပွေ့ချီလိုက်တဲ့ ရှောင်ကျန့် ။ ရှောင်ကျန့် ပွေ့ချီတော့ လည်တိုင်လေးကို သားသားလေး ရဲ့ လက်လေးတွေက ပြန်ဖက်ထားသည် ။ ထို့နောက် ဝမ် Company ဆီသို့ ကားလေးကို ဖြေးဖြေးလေး မောင်းလာခဲ့သည် ။
"သားသားလေး အဲ့တာ ဒယ်ဒီရဲ့ စာရင်းစာရွက်တွေလေ ပြဲကုန်မယ် မလုပ်ရဘူးနော် "
YOU ARE READING
တစ်ကယ် ချစ်မိပြီ (Complete)
Fanfictionကိုကို ထွက်သွားတော့မှ ကိုကို့ ရဲ့ အချစ်တွေကို နားလည်ခဲ့တာပါ ကျွန်တော် တစ်ကယ်ချစ်မိပြီ ကိုကို့ ကို အရမ်းချစ်တယ်ကိုကို