အပိုင်း (37)

1.9K 98 0
                                    

တစ်ကယ် ချစ်မိပြီ

အပိုင်း (37)

"ကလေး ကွာ ရေချိုးတာ ကြာလိုက်တာ ဘာလို့ ညနေက မချိုးတာလဲ နောက်ကျမှ ဘာလို့ ချိုးတာလဲ "

မွေ့ယာပေါ် မှာ ရိပေါ်  သားသားလေးနဲ့  ဆော့နေကြရင်း ရေချိုးခန်းထဲက ထွက်လာတဲ့ ရှောင်ကျန့် ကို ပြောလိုက်သည်။

"ကိုကို ကလည်းညနေက ရေမချိုးတော့ဘူး လုပ်တာ ဒါပေမဲ့ ရေမချိုးရရင် မနေနိုင်လို့ ချိုးလိုက်တာပါ "

"လာ အိပ်ရအောင် မနက်ကျရင် လည်း အစောထရဉီးမယ် အိပ်ရေးမဝဘဲ နေမယ် "

"ဟုတ်ကဲ့ ကိုကို "

မွေ့ယာပေါ် တက်ကာ ရှောင်ကျန့် လှဲချလိုက်တော့ သားသားလေး ကပါ ဝမ်ရိပေါ် နဲ့ ရှောင်ကျန့် တို့ရဲ့ အလယ်လေးမှာ လျဲချလိုက်သည် ။ ရှောင်ကျန့် နဲ့ သားသားလေးကို အဆင်သင့် စောင်လေးခြုံပေးလိုက်တဲ့ ဝမ်ရိပေါ် ။ ဝမ်ရိပေါ် လှဲချလိုက်တော့ သားသားလေး နဲ့ ရှောင်ကျန့် ဟာ ဝမ်ရိပေါ် ရဲ့ ရင်ခွင်လေးထဲ တိုးဝင်ကြသည် ။

"ဒယ်ဒီ အာဘွား ပါးပါး အားဘွား"

ဒါဟာ သားသားလေး ရဲ့ လုပ်နေကျအရာတစ်ခုလိုတောင် ဖြစ်နေပြီလေ အမြဲတမ်းလိုလို သားသားလေးဟာ ဝမ်ရိပေါ် နဲ့ ရှောင်ကျန့် ရဲ့ ပါး လေးကို နမ်းတတ်သည်။

ရိပေါ် နဲ့ ရှောင်ကျန့် နမ်းတော့ သားသားလေး က ပြုံးနေသည် ။ ချစ်လိုက်တာ သားသားလေးရယ် ။

••••••••••••••••

"အင်း ကိုကို... ချမ်းတယ် ဟင့်...ကိုကို ကိုကို "

ငြီးသံလေး ကြာတာမို့ ကြည့်တော့ ကလေးက စောင်တွေကို ယူကာ ချမ်းလို့ ငြီးနေတယ်လေ.။ နဖူးလေးကို စမ်းတော့ ပူနေတာ ဘဲ ။

"ကလေး ကလေး.... "

"ကိုကို ဟင့် ချမ်းတယ် ကျွန်တော် ဖျားနေပြီ ထင်တယ် ကိုကို နဲ့ သားသားလေး တစ်ခြားအခန်းမှာ သွားအိပ်နော် "

"မအိပ်ဘူး.နေဉီး ကိုကို ရေပက်တိုက်ပေးမယ်နော် "

ရိပေါ် ရေပက်တိုက်ပေးဖို့ အဝတ်လေးရယ် ရေဇလုံလေးရယ် သွားယူနေတုန်း သားသားလေး နိုးလာသည် ။

တစ်ကယ် ချစ်မိပြီ (Complete) Where stories live. Discover now