တစ်ကယ် ချစ်မိပြီ
အပိုင်း (34)
ရိပေါ် မနက် အိပ်ယာက နိုးတော့ ထမလို့ လုပ်ပေမဲ့ ရင်ခွင်ထဲက ကလေးက အခုထိ မထသေးဘူး ။ ညနေ ကတည်းက ကလေး အိပ်ပျော်သွားတာ ညစာတောင် မစားဘဲ အိပ်ပျော်သွားသည် ။ ညစာ စားဖို့ နှိုးတော့လည်း ကလေး က ခေါင်းရမ်းကာ ပြန်အိပ်ပျော်သွားသည်။
"ကလေး ကလေး ထတော့လေ 7နာရီ ခွဲနေပြီ"
"ကိုကို.... ဘယ်နှစ်နာရီ ရှိပြီလဲ "
"7နာရီ ခွဲနေပြီ ကိုကို နဲ့ အတူ ကုမ္ပဏီ လိုက်မှာလား အိမ်မှာဘဲ နေပါလားကလေးရယ် "
"ကျွန်တော် ကိုကို နဲ့ အတူ ကုမ္ပဏီ လိုက်မှာနော် အိမ်မှာ မနေဘူး "
" အင်း ခေါင်းရော မူးနေသေးလား "
"ဟင့်အင်း မမူးတော့ဘူး "
"လာ ထ မျက်နှာ သစ် ရေချိုးနော် ပြီးရင် Company သွားရအောင် "
"အင်း ကိုကို "
•••••••••••••••
"ကလေး ဗိုက်မဆာဘူးလား တစ်ခုခုလေး စားမလား ဘယ်ဆိုင်မှာ စားမလဲ "
"ကိုကို ကလည်း မစားချင်ဘူး နံတယ် ဘာနံတွေမှန်းလဲ မသိဘူး "
"ကလေး ကိုကို ယွီပင်း ကို ခေါ်လိုက်ရမလား "
"မခေါ်ပါနဲ့ ကျွန်တော် ဘာမှ ဖြစ်တာလည်း မဟုတ်ဘူး "
"အင်း နေ့လည်စာ အိမ်ပြန်စားမယ်နော် မားက ကလေးကို အိမ်မှာဘဲ စားဖို့ ပြောလိုက်တယ် "
"အင်း "
••••••••••••••••
ဝမ်ရိပေါ် နဲ့ ရှောင်ကျန့် လည်း နေ့လယ်ရောက်တော့ ဝမ်အိမ်တော် သို့ ပြန်သွားသည် ။
"ဝေါ့...... ဝေါ့....."
ထမင်းစားခန်းထဲ ရောက်တာနဲ့ ကလေးက ပြေးထွက်သွား သည်။
"ကလေး သက်သာလား "
"ကိုကို ကျွန်တော် ဘာလို့ ဒီလို ဖြစ်နေတာလဲဟင်"
"လာ ဆိုဖာပေါ် မှာ ထိုင်နေ ကိုကို ယွီပင်းကို ခေါ်ထားတယ် ကလေး ဘာဖြစ်တာလဲဆိုတာ သူ့ကို မေးမလို့ "
"သားလေး ဘာစားချင်လဲ မားကိုပြောလေ မားလုပ်ပေးမယ် "
"သား စားချင်တာကလေ ဟို.... ဟို. .."
YOU ARE READING
တစ်ကယ် ချစ်မိပြီ (Complete)
Fanfictionကိုကို ထွက်သွားတော့မှ ကိုကို့ ရဲ့ အချစ်တွေကို နားလည်ခဲ့တာပါ ကျွန်တော် တစ်ကယ်ချစ်မိပြီ ကိုကို့ ကို အရမ်းချစ်တယ်ကိုကို