အပိုင်း (33)

2.2K 119 1
                                    

တစ်ကယ် ချစ်မိပြီ

အပိုင်း (33)

နေ့ခင်း ထမင်းစားချိန် ရိပေါ် နဲ့ ရှောင်ကျန့် ဆိုင်တစ်ဆိုင်မှာ သွားစားကြသည် ။

"ကလေး ပန်းကန်ပေး ကိုကို လုပ်ပေးမယ် "

"ဟုတ် "

ဝမ်ရိပေါ် လည်း ရှောင်ကျန့် စားဖို့ အသားတုံးလေးတွေကို လှီးပေးလိုက်သည် ။

"ရပြီ ဒီဟာတွေ အကုန်စားလို့ ရတယ်နော် မစပ်ဘူး "

"အင်း ကုန်ရင် ထပ်လှီးပေးဉီး "

"အင်း လှီးပေးမယ် ဖြေးဖြေးစားနော် ညက်အောင် ဝါး အစာ မကြေဘဲ နေမယ် "

"ကိုကို ကလည်း ကျွန်တော် က ကလေး မဟုတ် တော့ပါဘူး "

"အဲ့လိုကြီး နှုတ်ခမ်း ဆူမထားနဲ့ ဒီက မထိန်းနိုင်ရင် ဆွဲနမ်းပစ်မှာနော် "

"မဟုတ် လည်း ဒီအတိုင်းတောင် ကိုကို က နမ်းနေတာကို "

"ကလေးဆိုးလေး ပြန်ပြောနေတာ အိမ်ရောက်မှ အပြစ်ပေးရမယ် "

"ကိုကို နော်"

"ရိပေါ် "

စကားပြောနေရင်း ခေါ်သံကြားတာမို့ ကြည့်တော့ ဖေးဖေး ။

"ဖေးဖေး "

"အင်း နေ့လည်စာ စားနေကြတာလား "

"အင်း ဟုတ်တယ် "

"ငါ လည်း နေ့လည်စာ လာစားတာ နင်တို့နဲ့ တစ်ဝိုင်းတည်း စားလိုက်မယ် ရတယ်မလား "

ရိပေါ် ရှောင်ကျန့် ကို ကြည့်တော့ ရှောင်ကျန့် ကတော့ ခေါင်းကို ငုံ့ကာ လှီးပေးထားတဲ့  အသားတွေဘဲ စားနေသည် ။

"အင်း ရပါတယ် "

ဖေးဖေး လည်း စားစရာ တွေ မှာလိုက်သည် ။ စားစရာ တွေ ရောက်လာတော့ စားရင်းဖြင့် စကားပြောလိုက်သည် ။

"အဆင်ပြေသွားကြပြီလား "

"အင်း  ....ကလေး ကုန်ပြီလား ထပ်စားဉီးမလား ကိုကို ထပ်လှီးပေးမယ်လေ "

"ဟုတ် ကိုကို "

"ညက်အောင် ဝါးနော် ကလေး အစာမကြေဘဲနေမယ်.... ရပြီ ..ခဏနော် ကျန်းချန် ဆီက ဖုန်းလာနေလို့ "

တစ်ကယ် ချစ်မိပြီ (Complete) Where stories live. Discover now