(၃၂) သူမကို ချန်ထားရစ်ခဲ့လေခြင်း

5.4K 633 6
                                    

Mm Translator: ElysiumGale

(၃၂) သူမကို ချန်ထားရစ်ခဲ့လေခြင်း

ခြေလှမ်းတိုင်းတွင် ထျန်းရှင်း၏ ဒေါသများ ခင်းကျင်းထားသည်။

သူမက လော်ဘီသို့ ရောက်သောအခါ မုပိုင်က သွားနှင့်ပြီဖြစ်သည်။ သူ့ကားတောင် မရှိတော့ပေ။

ဆေးရုံဝင်ပေါက်တွင် ချန်အန်းတစ်ယောက်သာ သူမကို စောင့်နေသည်။

"မုပိုင်ဘယ်မှာလဲ"

ထျန်းရှင်းက လက်ထောက်ကို မေးလိုက်၏။

ချန်အန်းက တလေးတစား ဖြစ်သည်။

"ဥက္ကဋ္ဌရှီးက အရေးကြီးတဲ့စီးပွားရေးအစည်းအဝေး တက်ဖို့ ရှိလို့ အရင်သွားနှင့်ပါတယ်။ မစ္စချူကို စောင့်ဖို့ ကျွန်တော့်ကို ထားခဲ့တာပါ။ စိတ်မပူပါနဲ့ မစ္စချူ၊ ကျွန်တော် ယာဉ်မောင်း ခေါ်ထားပြီးပါပြီ။ မစ္စရဲ့ကား မကြာခင် ရောက်ပါလိမ့်မယ်"

"သူ ထွက်သွားတာလား"

သူမက မယုံနိုင်စွာ မေးလိုက်၏။

"ဟုတ်ပါတယ်"

ချန်အန်းက ခေါင်းညိတ်သည်။

မုပိုင်အတွက် ပြင်ဆင်ခဲ့သော အပြုံးက ချက်ချင်း ပျောက်ကွယ်သွား၏။

မုပိုင်က သူတို့၏ နေ့လယ်စာကို အလွတ်ခံရုံတင်မက သူမကို ကြိုမပြောဘဲ ဆေးရုံတွင် သူမကို တစ်ယောက်တည်း ထားသွားရက်သည်။

ရှင်းဟယ်၏ လက်ထဲ ခံစားခဲ့ရသမျှ မကျေမချမ်း ဖြစ်မှုများကို သူနှင့် မျှဝေရန် ထျန်းရှင်း ရည်ရွယ်ခဲ့သော်လည်း သူက သူမကို ထားသွားခဲ့သည်။

သူ့ရင်ထဲတွင် သူမ တစ်နေရာတောင် ရှိရဲ့လားဟု သူမ သိချင်မိသည်။

ရှင်းဟယ်ကို သူမ ကြင်နာမှု ပြတာက သူစိတ်ဝင်စားမှု နည်းနည်းလေးတောင် မဖြစ်ဘူးလား။

သူမ၏ အစီအစဉ်က ပျက်စီးသွားသောကြောင့် သူမ အံကြိတ်လိုက်သည်။ သူမ ရှင်းဟယ်ဆီ ပြန်သွားတာ ရည်ရွယ်ချက် နှစ်ခု ရှိသည်။ တစ်ခုက ရှင်းဟယ်၏ ယုံကြည်ချက်ကို ကြမ်းပြင်ထိရောက်အောင် နင်းချေချင်တာ ဖြစ်ပြီး နောက်တစ်ခုက မုပိုင်ရှေ့ သူမ၏ တင့်တယ်မှုနှင့် ကြင်နာမှုကို ပြချင်တာ ဖြစ်သည်။

ဝေးလွင့်ပြီးသော အတိတ်Nơi câu chuyện tồn tại. Hãy khám phá bây giờ