(၈၉) အနိုင်ယူဖို့ မဟုတ်ဘူး၊ ဖျက်ဆီးပစ်ဖို့...!

4.7K 554 19
                                    

Mm Translator: ElysiumGale

(၈၉) အနိုင်ယူဖို့ မဟုတ်ဘူး၊ ဖျက်ဆီးပစ်ဖို့...!

"မင်းတို့ စိတ်ကြိုက် အိမ်ရှာ မတွေ့မချင်း မင်းတို့ မောင်နှမနှစ်ယောက် ဒီမှာ နေလို့ရတယ်" ရှရှင်းဟယ်က သူတို့ကို အခန်းလိုက်ပြ နေရာချထားပေးရင်း ပြောလိုက်သည်။

ထိုအခန်းအတွင်း၌ ပြင်သစ်အငွေ့အသက် ဟန်ပန်လွှမ်းမိုးသော ပြတင်းပေါက်ကြီးများနှင့် လေသာဆောင်တစ်ခုပါရှိသည်။ ခန်းလုံးပြည့် သားမွှေးပွကော်ဇောကို ခင်းထားကာ အခြေခံ လိုအပ်သည့် ပရိဘောဂ အသုံးဆောင် အကုန် ပါရှိပြီးသား ဖြစ်လေသည်။ ရှောင်းမော့မှာ မျက်ရည်များပါ ဝဲမိလာတော့လေသည်။

ဤပုံစံ အခန်းမျိုး သူ နေဖူးတာ ဒါ ပထမဆုံး။

သို့သော်လည်း၊ ရှရှင်းဟယ် သူ့ဘဝထဲ ဆောင်ကျဉ်းလာမည့် ကောင်းခြင်းများအနက် ယခုက အစကနဦးသာရှိသေးသည်ဟု သူ ခံစားမိလေသည်။

"မစ္စရှ၊ ခင်ဗျား ကျွန်တော့်ကို ဘာလို့ ခေါ်လာတာလဲ မပြောရသေးဘူးနော်" ရှောင်းမော့က ယဉ်ကျေးစွာပဲ မေးလိုက်လေ၏။

သူ့ဘက်က တစ်ခုခု ပြန်လုပ်ပေးရန် လိုအပ်သည်ဟု သူ ခံစားမိလာသည်။ အပေးအယူဆိုသည့်အတိုင်း ယူပြီးတော့ ပေးရမည်၊ သူ့ဘက်က မည်သို့ ပြန်ပေးဆပ်ရမည်ကို မေးရသည်။

"မင်းအစ်မအတွက် တို့ လူနာစောင့်ငှားထားပြီးပြီ၊ မင်း နေရာချ စီစဉ်တကျ ဖြစ်သွားပြီဆိုရင် တို့ကို မြေအောက်ခန်းမှာ လာရှာလှည့်" ရှရှင်းဟယ်ကတော့ ခပ်ပေါ့ပေါ့သာ ဆိုသည်။

ထို့နောက် လှည့်ထွက်သွားတော့သည်။

ရှောင်းမော့မှာ လျှာဖျားထိပ်ရောက်နေပြီဖြစ်သော "ကျေးဇူးတင်ကြောင်း"ကို ပြန်မျိုချလိုက်ရလေသည်။

ဤနေရာ၌ စကားလုံးများက ပေါပဲပဲ ဆန်နေလိမ့်မည်။ အကြောင်းမှာ ရှရှင်းဟယ် လိုချင်သည့်အရာက သူ့ကျေးဇူးတင်မှုမဟုတ်၊ သူ၏ ပူးပေါင်းပါဝင်မှုသာ ဖြစ်လေသည်။

အစ်မဖြစ်သူကို နှုတ်ဆက်ခွဲခွာစကားဆိုပြီးသည်နှင့် ရှောင်းမော့ မြေအောက်ခန်းသို့ ခပ်သွက်သွက် လျှောက်လာခဲ့လိုက်သည်။

ဝေးလွင့်ပြီးသော အတိတ်Donde viven las historias. Descúbrelo ahora