(၂၃) လျိုထားသူ

5.4K 690 4
                                    

Mm Translator: ElysiumGale

(၂၃) လျိုထားသူ
___________________________

ညတွင်းချင်း ရှကျီ ရင့်ကျက်လာခဲ့သည်။

သူ ပို၍ လက်တွေ့ကျကျတွေးခေါ်တတ်လာသည်။ စိတ်ဓာတ်ကြံ့ခိုင်လာသည်။

သူ့အကျင့်စရိုက်များ ပြောင်းလဲသွားရာ၌ ရှရှင်းဟယ်က အရေးပါသော ကဏ္ဍမှ ပါဝင်နေခဲ့လေသည်။ ဘဝလောကဓံတရားသဘောကို ရင်ဆိုင်ရန်အလို့ငှာ စိတ်ဓာတ် မယိမ်းယိုင်ရစေရန် ကြံ့ကြံ့ခံတတ်လာအောင် လမ်းပြပေးခဲ့သည့်အလားပင်။

နောင်နှစ်ပေါင်းများစွာ ကြာ၍ သူ အသက်ရလာသည့်အခါမှာပင် ဤညသည် မေ့မရနိုင်ဆုံးသော ညဖြစ်လောက်ပေမည်။

သူတို့၏ ဘဝအခြေအနေကို ထာဝရပြောင်းလဲသွားစေမည့် အဖြစ်ကို အကောင်အထည်ဖော်ရန် ဆေးရုံမှ ထွက်သွားခဲ့သော အစ်မဖြစ်သူ၏ ခန္ဓာကိုယ် ပိန်ပါးပါးလေးကို သူ အရိုးထဲစွဲအောင် မှတ်မိနေဦးမည်။

လက်တွေ့လောကမှ သူရဲကောင်းအရှင်လတ်လတ်ကြီးကို တွေ့ဖူးရသလိုပင်။ ထိုသူရဲကောင်းမှာ ရှရှင်းဟယ်ဖြစ်၏။

ရှည်ကြာခဲ့သော ညတာကုန်လွန်ခဲ့ပြီ။

ရှရှင်းဟယ်လည်း စနစ်ပေါင်း ဘယ်လောက်ကို hack ခဲ့ပြီးလဲ မသိတော့။

သူမ လိုအပ်သည့်ပမာဏကို ရပြီဟု ခံစားမိသည်နှင့် ညောင်းကိုက်နေပြီဖြစ်သော လက်ချောင်းများကို ရပ်လိုက်တော့သည်။ ပင်ပန်းကာ ညောင်းနေ၊ ပူစပ်နေပြီဖြစ်သော မျက်လုံးများကို ပွတ်လိုက်ပြီး ကဖေးထဲမှာ ကြောင်တောင်တောင်နှင့် ထွက်လာတော့လေသည်။ 

ဆေးရုံပြန်ရောက်တော့ သူမ ဦးလေးဖြစ်သူ၏ လူနာဆောင်ကိုပင် ပြန်မရောက်သေး၊ ရှကျီ သူမထံပြေးလာသည်ကို အရင်တွေ့လေသည်။

ရှကျီမှာ တစ်ညလုံး သူမအတွက် စိုးရိမ်နေခဲ့ရသည်။ သူမ ရောက်လာသည်ကိုတွေ့တော့မှ သူ သက်ပြင်းချနိုင်တော့သည်။

"အစ်မ၊ အဆင်ပြေရဲ့လား... နေလို့ရော ကောင်းလား၊ တစ်ညလုံး ဘယ်မှာ နေနေတာလဲ" သူတို့ စကားပြောနိုင်သည့် အကွာအဝေးကို ရောက်သည်နှင့် ရှကျီ မေးခွန်းများ အဆက်မပြတ်ထုတ်တော့လေသည်။

ဝေးလွင့်ပြီးသော အတိတ်حيث تعيش القصص. اكتشف الآن