အခန်း ။၁၅‌၈

2.2K 219 3
                                    

အခန်း ၁၅၈

သူမ မြေးကို တွေ့ချင်တာလား။ မဖြစ်နိုင်တာ။

ထျန်းရှင်း၏ ဝတ်စုံက  ရှင်းဟယ်၏ ဝတ်စုံထက် ငါးဆ ပိုဈေးကြီးသော်လည်း သူမထက် ပိုပြီး ဆွဲဆောင်မှု ရှိ၏။

လူများက သူတို့ကို ကြည့်လိုက်ကာ သူတို့၏ အာရုံစိုက်မှုက ဝတ်ရုံတွင် ရှိနေ၏။ ဝတ်စုံ ဝတ်ထားသည့်သူအပေါ် မဟုတ်ပေ။ 

အားလုံး ခြုံပြောရလျှင် ရှင်းဟယ်နိုင်၏။

ကောင်းမွန်စွာ ဝတ်ဆင်ထားသည့် ရှင်းဟယ်က သူမထက်တောင် ပိုပြီး အားအင် ပြည့်ဝနေပုံ ပေါ်၏။

သိက္ခာမဲ့ပြီး မျိုးရိုးနိမ့် နောက်ခံရှိသည့် မိန်းမက သူမထက် ပိုကြည့်ကောင်းနေသည့်အတွက် ထျန်းရှင်း၏ မနာလိုမှုသည် တောမီးအလား တရဟောတက်လာတော့သည်။

သူမ သာမက သခင်မရှီး၏ မျက်လုံးထဲ ရှင်းဟယ်ရောက်လာသည့်အခိုက် ဒေါပွခြင်းကို မထိန်းနိုင်လုနီးပါး ဖြစ်ခဲ့၏။

သူမသည် တင့်တယ်ကျော့ရှင်းသည့် အမူအကျင့်ကို ဂရုမစိုက်တော့ဘဲ ရှင်းဟယ်အား ပြင်းပြင်းထန်ထန် ဝေဖန်လိုက်၏။

“ဘာလို့ ဒီအချိန်ကျမှ ပေါ်လာရတာလဲ။ ရှီးမိသားစု နေအိမ်ကို ဘယ်လိုနေရာမျိုးလို့ ထင်နေတာလဲ။ နင်သွားချင်တိုင်း သွားလို့ရတဲ့ ဇရပ်လို့ ထင်နေတာလား။”

“ရှင်းဟယ် နင်က တကယ်ကို မသင့်လျော်တဲ့ အချိန်ကို ရောက်လာတာပဲ”

ထျန်းရှင်းက ထောက်ခံပြောလိုက်၏။

“မိကွဲဖကွဲ မိသားစုက မိန်းမတစ်ယောက်က အခြေခံ လောကဝတ်တွေကို လိုက်နာမယ်လို့ မမျှော်လင့်သင့်တာကို ငါမျှော်လင့်မိသာပေါ့”

သခင်မရှီးက တည့်တိုးပြောလိုက်သည်။

သူတို့နှစ်ယောက်သားက ရှင်းဟယ်အပေါ် သူတို့ နာကျည်းချက်များကို ထုတ်ဖော်ပြောသည့်တိုင် ရှင်းဟယ်က သခွားသီး တစ်လုံးပမာ အေးစက်နေဆဲ ဖြစ်သည်။

သူမက တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်ဖြေလိုက်၏။

“ကျွန်မတောင်းပန်ပါတယ်။ဒါပေမဲ့ ကျွန်မဘာမှားခဲ့လဲဆိုတာကို သခင်မရှီးထောက်ပြပေးပါလား”

ဝေးလွင့်ပြီးသော အတိတ်Onde histórias criam vida. Descubra agora