(၁၃) ထူးကဲစွာ ထူးချွန်လွန်းသော အစ်မ

5.8K 716 0
                                    

Eng Translator: EndlessFantasy
Mm Translator: ElysiumGale

(၁၃) ထူးကဲစွာ ထူးချွန်လွန်းသော အစ်မ
__________________________________

"၂၀၀၀ တန် အလုပ်က ဘာလုပ်ရမှာတဲ့လဲ"

ရှကျီ အံ့သြသွားမိသည်။ သူ့အစ်မက သူ ငြင်းခါနီး ပရောဂျက်တစ်ခုကို ဘာကြောင့် ရုတ်တရက်ကြီး စိတ်ဝင်စားသွားသလဲ သူ မသိ။ သို့သော် သူ စိတ်ရှည်စွာနှင့် ပြန်ရှင်းပြလိုက်လေသည်။ "အဲ့ဒါ mini game လေးတစ်ခုအတွက် code ရေးပေးရမှာ အစ်မ၊ အရင်တုန်းကလဲ ကျွန်တော် ရေးပေးဖူးတယ် ဒါပေမဲ့ လေးရက်လောက်ကြာတာမို့၊ စီနီယာက နှစ်ရက်အပြီးဆိုတော့ဗျာ ကျွန်တော် အချိန်မီ မပြီးလောက်ဘူး"

"ငါ တစ်ချက်ကြည့်ကြည့်မယ်..." ရှရှင်းဟယ် ကုတင်ပေါ် ထထိုင်လိုက်တော့သည်။ ရှကျီလည်း သူ၏ လက်ပ်တော့ပ်ကို အမြန် ဖယ်လိုက်ရပြီး ပြောတော့လေ၏။ "အစ်မရယ်၊ ငြိမ်ငြိမ်စိမ်စိမ်လေးသာ နားစမ်းပါ၊ အကြောဆေးပိုက်ကြီး တင်းသွားဦးမယ်"

"နင်ကလဲ ပူကို ပူတတ်လွန်းတယ်၊ နင် ဘယ်လို mini game မျိုး လုပ်ရမှာလဲ ငါ့ကို ပြ" ရှရှင်းဟယ် ပြုံးလိုက်သည်။ 

ရှကျီမှာ တစ်ဦးတည်းသော သားဖြစ်လေသည်။ ထို့ကြောင့် သူ့ဖခင် ရှရှင်းဟယ်ကို ခေါ်ယူကျွေးမွေးစောင့်ရှောက်လိုက်ကတည်းက သူမကို သူက အစ်မအရင်းခေါက်ခေါက်သဖွယ် သဘောထား၏။

မောင်နှမအကြီးက အငယ်ပေါ်မှာ လွှမ်းမိုးနိုင်စွမ်းသည့် သတ္တိကြောင့်လားတော့ မသိ၊ ရှကျီသည် ရှရှင်းဟယ် ခိုင်းသမျှ၊ တောင်းဆိုသမျှကို အမြဲ လိုက်လျောဖြည့်ဆည်းပေးရန် အသင့်ရှိနေခဲ့သည်။

ရှရှင်းဟယ်မှာ သူမ၏ မောင်ငယ်ကို စကားဖြင့် ဖြစ်စေ၊ အင်အားသုံး၍ ဖြစ်စေ အတင်းအကြပ်တိုက်တွန်းခဲ့ရသည်ဟူ၍ မရှိဖူးခဲ့။ ရှကျီက အမြဲတမ်း သူမ ပြောစပ
ကားနားထောင်တတ်သည့် အကျင့်ကလေး ရှိနေတတ်၍ ဖြစ်လေသည်။

သူ ဘာကြောင့်ဟု မည်မည်ရရ မပြောနိုင်သော်လည်း ဒီအစ်မဖြစ်သူမှာ သာမန်ထက် ထူးကဲသော သာလွန်သော၊ အထင်ကြီးစရာ အရည်အသွေးတစ်မျိုး ရှိနေသည်ဟု သူ ခံစားရမိသည်။ သူတို့ သိကျွမ်းရင်းနီးခဲ့သည့် ၆ နှစ်တာအတွင်းမှာလည်း ဘာကြောင့် ဤသို့ ခံစားရသည်ဟူသည့် ပဟေဋိကို အဖြေညှိမရသေး။

"ဒီမှာ ဒါ" ရှကျီ လက်ပ်တော့ပ် screen ကို ဖွင့်ကာ သူ့အစ်မဘက် လှည့်ထားပေးလိုက်သည်။ "ဒါပေမဲ့ အစ်မ ဘာလို့ ကြည့်ချင်လာတာလဲ"

ဝေးလွင့်ပြီးသော အတိတ်Opowieści tętniące życiem. Odkryj je teraz