(၄၇) သူမဘာသာ အလုပ်စလုပ်ရမယ်

5.1K 621 8
                                    

Mm Translator : ElysiumGale

(၄၇) သူမဘာသာ အလုပ်စလုပ်ရမယ်

ရှကျီက ပင်ကို အကောင်းမြင်တတ်သူတစ်ဦး ဖြစ်သော်လည်း ဆင်းရဲမွဲတေမှုက တောက်ပသည့်အနာဂတ်အတွက် သူ့ မျှော်လင့်ချက်ကို တိုက်စားသွားသည်။

ထို့ကြောင့် ဗီလာသို့ ရုတ်တရက် ရွှေ့ပြောင်းခြင်းက သူ့အတွက် အမှန်တကယ်မဟုတ်သည့် တွေ့ကြုံမှုမျိုး ဖြစ်နေ၏။

"ကျီ နင့်ငါ့ကို တစ်ခါ အကြံပေးဖူးတဲ့အတိုင်း ငါ အကြံလေး ပေးချင်တယ်၊ အတိတ်မှာ မနစ်မြုပ်နေနဲ့။ ငါတို့အနာဂတ်မှာ ကောင်းတာတွေပဲ ဖြစ်လာမှာလို့ အစ်မ နင့်ကို ကတိပေးတယ်၊ ဘယ်လိုပဲဖြစ်ဖြစ် အချိန် ထပ်မဖြုန်းရအောင်၊ နင့် အခန်း လိုက်ပြမယ်"

"အိုကေ"

ရှကျီက ပြုံးပြီး လိုက်သွားသည်။

သူ့အခန်းက ဒုတိယထပ်တွင် ဖြစ်သည်။ ချန်း၀ူ၏ အခန်းကဲ့သို့ပင် ၎င်းက ကျယ်ဝန်းသည့် တစ်ယောက်အိပ်ခန်း ဖြစ်သည်။ ဗီရိုကြီးတစ်ခုနှင့် မျက်နှာချင်းဆိုင်တွင် စာကြည့်စားပွဲတစ်လုံးရှိသည်။ စားပွဲပေါ်တွင် သူအမြဲတမ်း လိုချင်ခဲ့သည့် မော်ဒန်ဖြစ်သော နည်းပညာမြင့် လက်တော့တစ်လုံး ရှိ၏။

ရှကျီက စားပွဲဆီ ပျော်ရွှင်စွာ ပြေးသွားလိုက်ပြီး မေးလိုက်၏။

"အစ်မ ဒါက ကျွန်တော့်အတွက်လား"

ရှင်းဟယ်က ပြုံးလျက် ခေါင်းညိတ်ကာ

"နင် ကြိုက်လား"

"ကြိုက်တာပေါ့၊ အစ်မက ကျွန်တော့်အပေါ် သိပ်ကောင်းတာပဲ၊ ကျွန်တော် ကြိုက်တယ်၊ ဒီနေရာက အရာအားလုံးကို သိပ်နှစ်သက်တယ်"

"အစ်မ ဝမ်းသာပါတယ်"

"အစ်မ ဒါတွေက တော်တော် ကုန်ကျသွားမှာပဲမလား"

ရှကျီက စိတ်တည်ငြိမ်သွားပြီးနောက် မေးလိုက်၏။

စျေးကြီးသည့် လက်တော့အပြင် အိမ်အတွက် အမြင်သစ်ရစေရန် ပရိဘောဂများ ရှင်းဟယ် ဝယ်ထားတာကို ရှကျီ သတိပြုမိသည်။ သူမ စုဆောင်းထားတာများ သုံးလိုက်တာပဲ ဖြစ်ရမည်။

ဝေးလွင့်ပြီးသော အတိတ်Donde viven las historias. Descúbrelo ahora