အခန်း ၁၆၃။

2.5K 278 2
                                    

အခန်း ၁၆၃။ ငါ့နောက်ကွယ်မှာ ပျော်ပါးနေကြတာလေ

“ငရုတ်သီးစားဖူးသူတိုင်း သူရဲ့ အစပ်အရသာကို သိကြတာပဲလေ”

ရှင်းဟယ်u ထျန်းရှင်းကို စောင်းမြောင်းပြောကာ ရန်စလိုက်သည်။

“ရှရှင်းဟယ်၊ နင်က မုပိုင်နဲ့ ဘာမှမဆိုင်တော့ဘူးနော်။ မုပိုင်နဲ့ငါက မကြာခင်လက်ထပ်တော့မှာ၊ အဲဒါကြောင့် ကျေးဇူးပြုပြီး ငါတို့ဆက်ဆံရေးကို ဖျက်လို့ဖျက်ဆီးလုပ်တာကို ရပ်တန်းက ရပ်လိုက်ပါ”

ရှင်းဟယ် အရွဲ့တိုက်ကာ ရယ်လိုက်သည်။

“ငါက စိတ်နှစ်ပြီးတော့ မဖျက်ဆီးရသေးပါဘူး၊ နင်က အပြစ်ပြောနေပြီ။ ခံရတဲ့ဖက်မှာ နေရတာမကောင်းဘူးဟုတ်တယ်မလား”

“ရှရှင်းဟယ်၊ နင် ငါ့ကို မုန်းရလောက်တဲ့အထိ မနာလိုမှန်း ငါသိတယ်၊ ဒါပေမဲ့ ငါနင့်အပေါ် အပြစ်မလုပ်ထားဘူးလေ။ တကယ်တော့ ငါ လင်းလင်းကို ငါ့သားအရင်းလို့တောင် သဘောထားတယ်။ နင် လိုက်လျောညီထွေ မဖြစ်လို့ မုပိုင်ကိုကွာရှင်းလိုက်ရတာ။ အဲတုန်းက ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့၊ ကွာရှင်းတာက တကယ်ဖြစ်ခဲ့တာ၊ နင် အားလုံးကို ခဝါချပြီး ပါဝင်ပတ်သက်နေသူတွေကို ကြင်နာတဲ့အနေနဲ့ သူတို့လမ်း သူတို့လျှောက်ခွင့်ပေးလိုက်လို့ မရဘူးလားဟင်” ထျန်းရှင်းရှင်းဟယ်ကို လူဆိုးနေရာထားကာ သူမ နာကျင်ခံစားနေရပုံဖြင့် တောင်းပန်နေ၏။

ထို့ပြင် သူမ လင်းလင်းက သူမ အစောင့်အရှောက်အောက် ရောက်တော့မည်ကို ရှင်းဟယ်သိသွားစေရန် သူမ လင်းလင်းနာမည်ကို တမင်ထည့်ပြောလိုက်ခြင်းဖြစ်၏။

တကယ်လို့ ရှင်းဟယ် သူမသားအစုတ်ပလုတ်ကို တစ်ခုခုဖြစ်မသွားစေချင်ရင် သူမ ပါးနပ်ဖို့ပဲလိုတယ်။

သူမ၏လှည့်ကွက်သည် မည်သည့်အမျိုးသမီးကိုမဆို ခြောက်လှန့်နိုင်လိမ့်မည်။

ထို့ပြင် ကွာရှင်းခြင်းက ဖြစ်ပြီးသွားကိစ္စဖြစ်သည့်အပြင် လင်းလင်း၏အနာဂတ်အတွက် ရှင်းဟယ်က ထျန်းရှင်းကို ဦးညွှတ်သင့်ကြောင်း ရိပ်စားသင့်သည်…

သို့သော်…ရှင်းဟယ်က ထျန်းရှင်းနှင့် မုပိုင်တို့ လက်ထပ်ပွဲကိုတားရန် အစကတည်းကပြင်ဆင်ခဲ့သည်။

ဝေးလွင့်ပြီးသော အတိတ်Where stories live. Discover now