(၈၆) လူတစ်ယောက်ကိုသတ်ပေးရန် မင်းကိုလိုအပ်

3.9K 481 3
                                    

Mm Translator : ElysiumGale

(၈၆) လူတစ်ယောက်ကိုသတ်ပေးရန် မင်းကိုလိုအပ်

ရှင်းဟယ်က ခပ်လှုပ်လှုပ် သစ်သားကုလားထိုင်ပေါ် ထိုင်နေလျက် သူမမျက်ဝန်းများက နူးညံ့နေပြီး အမူအရာက ပုံမှန်အတိုင်းပင်။

သူမက ပြိုကျခါနီးအိမ်တွင် မဟုတ်ဘဲ သာမန်တခြားအိမ်များထဲတွင် ရှိနေသည့်အတိုင်းပင်။

ရှောင်းမော့မှာ သူမမျက်ဝန်းထဲမှ တည်ငြိမ်မှုကို မြင်ကာ စိတ်ငြိမ်သွားခဲ့သည်။

သူ့ကို စနိုးစနောင့်ဖြစ်နေစေသည့် မေးခွန်းကို မေးလိုက်သည်။

"ခင်ဗျားကဘယ်သူလဲ၊ ကျွန်တော့်ကို ဘာလို့ကူညီတာလဲ"

သူက အကူအညီမှာ သူ့အလိုလိုရောက်လာသည်ဟု ယုံကြည်ရလောက်အောင် မရိုးအပေ။

ပြီးတော့ ယွမ်နှစ်သောင်းမှာ နည်းပါးသည့်ပမာဏမဟုတ်ပေ။ လူတစ်ယောက် အင်မတန် မချမ်းသာသရွေ့ အရေးမစိုက်ဘဲ နေလို့ရသည့် ပမာဏမဟုတ်။

ထိုသို့ဆိုရင်တောင် သူဌေးများက အလကားတော့ ပရဟိတလုပ်မည်မဟုတ်ပေ။

သူတို့က ပတ်သက်သည်လည်းမဟုတ်၍ သူမ သူ့ကို အကြောင်းရင်းမရှိ ကူညီဖို့က အခွင့်အရေး နည်းပါးသည်။

ရှင်းဟယ်မှာ သူမ၏ရည်ရွယ်ချက်များကို ဖုံးကွယ်ရန် ဂရုမစိုက်ဘဲ ပြောလိုက်သည်။

"တို့နာမည်က ရှင်းဟယ်ပါ၊ မင်းပူးပေါင်းမှုလိုလို့ ကူညီခဲ့တာ"

"ကျွန်တော့်ပူးပေါင်းမှုလား" ရှောင်းမော့ နားလည်နိုင်စွာ အံ့သြခဲ့သည်။

"ဘာနဲ့လဲ"

သူက ကိုယ့်ကိုယ့်ကိုယ် လှောင်ရယ်ရယ်ပြီး ထပ်ပြောလိုက်သည်။

"ခင်ဗျား ရှာတဲ့လူကမှန်တာသေချာရဲ့လား၊ ကျွန်တော့်အတွက် ဒီလောက် ဒုက္ခများဖို့ မတန်ဘူးထင်တာပဲ"

သူ မလိမ်ပေ။ ပစ္စည်းဥစ္စာတန်ဖိုးအရ ရှောင်းမော့မှာ ကျပ်တစ်ပြားတောင် မတန်ပေ။

ရှင်းဟယ်က တည်ငြိမ်နေသောအကြည့်ဖြင့် သူ့ကိုပြင်ပေးလိုက်သည်။

ဝေးလွင့်ပြီးသော အတိတ်Nơi câu chuyện tồn tại. Hãy khám phá bây giờ