အခန်း ၁၈၈

2.1K 235 2
                                    

အခန်း ၁၈၈။

မနက်စောစော surprise လုပ် (မိသားစုကို ဦးဆောင်သူ အမျိုးသားအပိုင်းပြီးဆုံး)

တစ်ရက်အတွင်း သူမ သူ့ကို လက်မထပ်ရတော့သည့်အပြင် သူမကိုယ်သူမ အဖတ်မဆယ်နိုင်မည့် မျှော်လင့်ချက်ပါ ဆုံးရှုံးလိုက်ရသည်။

တစ်ရက်တည်းတွင် ထိုကဲ့သို့ အများကြီး ဖြစ်သွားလိမ့်မည်ဟု ထျန်းရှင်း မမျှော်လင့်ခဲ့ချေ။

သူမ အလွန်များပြားလွန်း၍ အံ့ဩတုန်လှုပ်နေတော့သည်။

မုပိုင်နှင့် ထျန်းရှင်းကြား စေ့စပ်မှုပျက်သွားသည်ကို မဆိုနှင့်၊ ရှင်းဟယ်က အကောင်းဆုံး လူလုပ်လက်အတုကို တီထွင်နိုင်သည်ဟု သူက ကြွားပြောသေးသည်။

ရှီးမိသားစုက အနှစ်၂၀လောက် ကြိုးစားခဲ့ပြီး အဖြေမရသေးသည့် မစ်ရှင်ကို သူမက တစ်လတွင်း အပြီးလုပ်ပေးမည်ဟု ပြောလာသည်။

ထို့အပြင် မုပိုင်က သူမနှင့် နောက်တစ်ခါ လက်ထပ်ရန်ကြံရွယ်နေသည်။

တစ်ညတွင်း ရှင်းဟယ်က အလေအလွှင့် ဂြိုလ်သိမ်ဂြိုလ်မွားကဲ့သို့ အားလုံး၏ရင်ထဲ ဆောင့်ဝင်လာသည်။

လွန်ခဲ့တဲ့ သုံးနှစ်က ဂယက်မထဘဲ ထွက်သွားတဲ့ အမျိုးသမီးက ယခုလို ဟိတ်ကြီးဟန်ကြီးနဲ့ ပြန်ပေါ်လာမယ်ဟု ဘယ်သူက တွေးမိမှာလဲ။

သူမက ရှီးလင်းမွေးနေ့ပွဲကို ထင်ထင်ပေါ်ပေါ်နဲ့ ရောက်ချလာပြီး အခုတစ်ခါကျပြန်တော့ ရှီးမိသားစုကို ဗုံးတွေ အများကြီး ကျဲချလိုက်ပြန်ပြီ။

သူမကို သိသိမသိသိ၊ လူတိုင်းက သူမ ပြန်ရောက်လာသည်ကို ခံစားချက်များ ရောထွေးစွာ ကြည့်နေကြရသည်။

အချို့က သူမကို ပြီးပြည့်စုံသည့်ပုံဖြင့် ပြန်လာစေချင်ကြပြီး အချို့မှာ သူမကိုကျဆုံးသွားစေကြလေသည်။

ယွင်ရို့ပင်းက သူမကို ကျရှုံးစေချင်သူများအဖွဲ့ထဲ ပါလေသည်။

အဘယ်ကြောင့်ဆိုသော် ပြီးပြည့်စုံလှသော အင်္ဂါအတုလုပ်သည့် နည်းပညာကို တီထွင်နိုင်သူက သူမပဲဖြစ်ရမည်ဖြစ်တာကြောင့်ပင်။ သူမ၏ အောင်မြင်မှုကိုအခြားမည်သူ့ကိုမျှ လုယူခွင့် မပေးနိုင်ချေ။

ဝေးလွင့်ပြီးသော အတိတ်Donde viven las historias. Descúbrelo ahora