အခန်း ၁‌၅၂။ကျွန်မသားရဲ့ ထိန်းသိမ်းစောင့်ရှောက်ခွင့်

3.2K 333 5
                                    

အခန်း ၁၅၂။
ကျွန်မ သားရဲ့ ထိန်းသိမ်းစောင့်ရှောက်ခွင့် လိုချင်တယ်

ဆေးစစ်ချက်အရ သူမ ဦးနှောက်ထဲတွင် အကြိတ်တစ်ခု တွေ့တာ ဖြစ်သည်။

ရှေ့တစ်လတုန်းက ရှင်းဟယ်သည် ယာဉ်မတော်တဆမှု တစ်ခု ဖြစ်ခဲ့ချိန် သူမက စီတီ စကန် ဖတ်ခဲ့သော်လည်း ဆေးစစ်ချက်တွင် ဘာမှ မတွေ့ရပေ။

သို့သော် တစ်လတာအတွင်း သူမ ဦးနှောက်ထဲတွင် အသားပိုတစ်ခုနှင့် တူသည့်အရာတစ်ခု ကြီးလာ၏။

ထို့အပြင် ယင်းက မသေးပေ....

ဆရာဝန်များ ပြောကြသည်ကား ထိုအသားပိုသည် အန္တရာယ်ပေးနိုင်၏။ ထို့ကြောင့် ဆရာဝန်က သူမကို ဓာတုကုထုံး ဆေးကုသခြင်းကို မြန်နိုင်သမျှ မြန်မြန်လုပ်ဖို့ အကြံပေးခဲ့သည်။

အကျိတ်က အဆင်မပြေသည့် အနေအထားတွင် တွေ့သောကြောင့် ခွဲစိတ်မှုကသာ နောက်ဆုံး အားထားရာ ဖြစ်သည်။ ခွဲစိတ်မှု၏ အန္တရာယ်ကလည်း မြင့်လွန်းသည်။

ထပ်ပြောရလျှင် အကြိတ် ဖယ်ရှားရန် အောင်မြင်နိုင်ခြေက ငါးရာခိုင်နှုန်းသာ ရှိသည်။

နောက်ဆုံး ပြောရလျှင် ဓာတုကုထုံးက ထိရောက်သည့် နည်းလမ်း မဟုတ်သော်လည်း ရှင်းဟယ်အတွက် အကောင်းဆုံး ရွေးချယ်မှု ဖြစ်၏။ ယင်းက ရှင်းဟယ်အတွက် သိပ်မကောင်းပေ။

သူမ၏ အိပ်မက်ဆိုးက မှန်လာပုံရသည်။ ဆိုလိုသည်က သူမ သေဆုံးပြီး လင်းလင်းလည်း ထိုသို့ဖြစ်လာမှာပင်။

ဖြစ်နိုင်ခြေကို တွေးမိသောအခါ သူမရင်ထဲ လေးလာတော့သည်။

ရှင်းဟယ်သည် သေရမှာကို မကြောက်သော်လည်း သူမ၏ သားကို ထိုမျှ ငယ်ရွယ်သည့် အချိန်တွင် သေခွင့် မပြုနိုင်ချေ။

ရှင်းဟယ်သည် ဆေးရုံတွင် ဆုံးဖြတ်ချက် တစ်ခု ချလိုက်၏။ သူသည် ရှီးမုပိုင်နှင့် တွေ့ရန် လိုအပ်၏။

သူမ ဖုန်းလာသည့်အခါ မုပိုင်သည် အစည်းအဝေး ကျင်းပနေစဉ် ဖြစ်၏။

ရှင်းဟယ်က ဖုန်းထဲမှ မေးလိုက်၏။

“ရှင်ဒီနေ့ တွေ့ဖို့အတွက် အချိန်ရလား။ ကျွန်မ ရှင်နဲ့ အတူ ဆွေးနွေးစရာ ကိစ္စရှိလို့”

ဝေးလွင့်ပြီးသော အတိတ်Nơi câu chuyện tồn tại. Hãy khám phá bây giờ