(၉၅) ချွေ့မင်းလက်ထဲ ရောက်သွား

3.7K 404 8
                                    

Mm Translator: EGG

(၉၅) ချွေ့မင်းလက်ထဲ ရောက်သွား

အမှန်အတိုင်း ဝန်ခံသော် သူ၏စိတ်ထဲ၌ လူသတ်ချင်စိတ် တစ်ခဏမျှ ဖြစ်ပေါ်ခဲ့သည်။

အကယ်၍ လူသတ်မှုသည် ဥပဒေအရ တရားဝင် ဟုတ်ခဲ့ပါက သူရှေ့သို့ ပြေးပြီး ချွေ့မင်၏အသက်ကို ယူပြီးနေပြီဖြစ်၏။

ရှောင်းမော့ သူ၏ မျက်ဝန်းမှ အမုန်းတရားကို မဖုံးကွယ်ထားချေ။ ၎င်းကို ချွေ့မင် မြင်လိုက် ကာ အထင်သေးစွာ ပြောလေသည်။

"ရှောင်းမော့၊ မင်းလား။ မတွေ့ရတာကြာပြီ"

"အမှန်ပဲ၊ မတွေ့ရတာ တော်တော်ကြာသွားပြီ။ လူကောင်းတွေက အမြဲ ငယ်ငယ်ရွယ်ရွယ်နဲ့ သေသွားကြတယ်မလား။ မင်း အခုထိ ကောင်းကောင်း အသက်ရှင်နေတာ အဆန်းတော့ မဟုတ်ဘူးလေ" ဟု ရှောင်းမော့က ချွေ့မင် ၏မျက်နှာကို ထိုးချင်စိတ်ကို အတတ်နိုင်ဆုံးကြိုးစားထိန်းလိုက်ပြီး အရွဲ့တိုက်ကာ ပြန်ပြောလိုက်သည်။

ချွေ့မင် မျက်လုံးများ ပို၍အေးစက်သွားပြီး အဆိပ်ပြင်းသော အပြုံးများဖြင့်ပြန်ပြောလေသည်။

"ငါလည်း မင်း ကောင်းကောင်းမွန်မွန်ရှိနေတာကို မြင်ရတာ ဝမ်းသာပါတယ်၊ ဘာလို့လဲဆိုတော့ ဟိုးအရင်ကတည်းက မင်း ကိုယ့် ကိုယ်ကိုယ် သတ်သေလိုက်ပြီလို့တောင် ထင်နေတာလေ"

တစ်ချိန်က ရှောင်းမော့သည် ချွေ့မင်ကို ပြန်လည် တိုက်ခိုက်ရန် ကြိုးပမ်းခဲ့ဖူးသည်။

တရားခွင်တွင် သူ၏အမှုကို သူတင်ပြခဲ့သော်လည်း ချက်ချင်းပင် ပယ်ချခံလိုက်ရ၏။

ချွေ့မင်သည် သူ့ထက် ပိုအင်အားကြီးတာကြောင့် သူ့အတွက် ချွေ့မင်ကို အရေးယူရန် မဖြစ်နိုင်ချေ။

သူ လက်စားမချေနိုင်ခဲ့သည့်အပြင် ချွေ့မင်း၏ ကောင်းမှုကြောင့် သူ၏ အသက်ကယ်ကြိုးများ အားလုံး ဖြတ်တောက်ခံခဲ့ရလေသည်။

တီမြို့တော်၌ ချွေ့မင်က သူ့ကို နာမည်ပျက်စာရင်းထဲ ထည့်ထားတာကြောင့် သူ အသက်ရှင်ကျန်ရန် အခွင့်မရှိချေ။ ချွေ့မင်သည်လည်း ရှောင်းမော့ကို ထိခိုက်စေမည့် နည်းလမ်းများ ကြိုးစားရှာခဲ့သည်။

ဝေးလွင့်ပြီးသော အတိတ်Donde viven las historias. Descúbrelo ahora