(၂၆) အူလှိုက်သည်းလှိုက် အထင်သေးမှု

5.4K 634 8
                                    

Mm Translator: ElysiumGale

(၂၆) အူလှိုက်သည်းလှိုက် အထင်သေးမှု
_________________________

သူမ ကွယ်ရာမှာ သူတို့ကြား လျို့ဝှက်ချက် တစ်စုံတစ်ခု ရှိနေသည်ဟုသည့် အတွေးက ချူထျန်းရှင်းကို စိတ်ပူပန်သွားစေသည်။

လက်ရှိ ရှရှင်းဟယ်သည် ယှဉ်ပြိုင်ရန် မထိုက်တန်တော့ဟု သူမ ယုံကြည်သော်လည်း ခြိမ်းခြောက်မှု ခံစားနေရဆဲ ဖြစ်သည်။

'အဲဒီ မိန်းမပျက်က ယှဉ်ပြိုင်မှုကနေ နုတ်ထွက်ဖို့ ဆုံးဖြတ်ထားတော့ ဆိုမှတော့ သူမဖင်ကို ဘာလို့ ဝေးဝေး မရွှေ့သွားတာလဲ'

သူမနှင့် ရှီးမုပိုင်၏ ထိမ်းမြားခြင်းအမှု အကောင်အထည်ပေါ်လာကာနီးမှာမှ ရှရှင်းဟယ် ပြန်ပေါ်လာရသည်တဲ့လား...။

သူမလမ်းကြောင်းတွင် လာမရပ်နေလျှင် ပိုကောင်းမည်၊ မဟုတ်ပါက ထျန်းရှင်းသည် သူမကို ငရဲရောက်အောင်ပို့မည်ဟု ကျိန်ဆိုလိုက်၏။

သို့သော် မကြာခင်မှာပဲ သူမ၏ ကြောက်လန့်မှု၊ စိုးရိမ်မှုတို့က အခြေအမြစ်မရှိတာကို ထျန်းရှင်း သဘောပေါက်သွားသည်။

အိမ်ဟု ရှင်းဟယ်ခေါ်သည့်နေရာက သူတောင်းစားများအတွက်ဆိုတာ သိသာနေသည်။

ချူထျန်းရှင်းသည် ဤအိမ်ထက် ပိုဆိုးသည့် နေအိမ်မျိုးကို မတွေ့ခဲ့ဖူးပေ။

ရွံရှာဖွယ်အနံ့အသက်များဖြင့် အသက်ရှူကြပ်ဖွယ်နေရာက ညစ်ပတ်ပေရေနေသည်။

သူမက ရောဂါကူးစက်ခံရမှာ ကြောက်သောကြောင့် ထိုနေရာတွင် နေထိုင်သူများနှင့် ခပ်ဝေးဝေးမှာ နေနေသည်။

ကားထဲတွင် သူမ ခံစားခဲ့ရသည့် စိတ်ပူပန်မှုက ရှင်းဟယ်နေသောနေရာကို မြင်သောအခါ ပျော်ရွှင်မှုအဖြစ် ပြောင်းသွားသည်။ မုပိုင်၏ တိုက်တွန်းမှုကြောင့်သာ မဟုတ်လျှင် သူမ ဤနေရာကို လုံးဝ လာမှာမဟုတ်ပေ။

သို့သော် သူမက ရှင်းဟယ်၏ လည်မျိုကို သူမ၏ အောင်မြင်မှုဖြင့် ချနင်းရန်တော့ ဆန္ဒရှိသည်။

ထျန်းရှင်းက မုပိုင်၏ လက်ကို ချိတ်တွယ်ထားပြီး ပုံကြီးချဲ့ စိတ်ပူပန်စွာ ပြောလိုက်၏။

ဝေးလွင့်ပြီးသော အတိတ်حيث تعيش القصص. اكتشف الآن