(၉၂)ဟဲလို၊ စာဖတ်သူတို့

3.8K 451 9
                                    

Mm Translator: Elysium_Gale

(၉၂) ဟဲလို၊ စာဖတ်သူတို့

"သူက ဘယ်လိုလုပ် မင်း အစ်မ မဖြစ်ရမှာလဲ"
ရှောင်းမော့မှာ ကြောင်သွားသည်။

ရှကျီမှာ သူ့ပရိသတ်ကို ဆွဲဆောင်နိုင်သွားသည်ဟုမြင်ပြီး အဆိုကြမ်းကို စိတ်လှုပ်ရှားစွာ ကမ်းလှမ်းလိုက်သည်။
"မင်း ပြန်လည်ဝင်စားတာ ကြားဖူးလား"

"ပြန်လည်ဝင်စားတာလား၊ ဘာသာရေးအရ ပြောတာမျိုးလား"
ဝတ္ထုစာအုပ်များကို မဖတ်ဖူးသည့် ရှောင်းမော့မှာပိုပြီးအသုံးတွင်သော အဓိပ္ပာယ်နှင့် အမျိုးအစားကို ဇဝေဇဝါဖြစ်သွားရှာသည်။

"ဟင့်အင်း၊ ပြန်လည်ဝင်စားခြင်းဆိုတာက..."

"ကျီ၊ နင့် ဘယ်ဘက်တင်ပါးမှာ မှဲ့ရှိတယ်မလား"
ရှင်းဟယ်က သူ့အသံကိုလွှမ်းကာ ပြောလိုက်သည်။

ရှကျီမှာ ချောင်းပြင်းပြင်းထန်ထန်ဆိုးပြီး ကျန်သည့်သူ့စကားများကို မျိုချလိုက်ရသည်။ သူ့မျက်နှာတွင် ခပ်ဆွေးဆွေးနီရဲလာပြီး ပြောစရာစကားပျောက်ဆုံးနေခဲ့သည်...။

"အစ်မ၊ အဲလိုမျိုး ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို မလေးမစား ဖော်မပြဘဲ နေလို့မရဘူးလား"
ရှကျီသည် မြည်တွန်တောက်တီးမိလိုက်သည်။

ရှင်းဟယ်က အပြုံးတစ်ပွင့်နှင့် ပြန်ဖြေသည်။
"ဒါဆို နင့်ကိုလည်း ငါ့ရဲ့ အရမ်းကို ကိုယ်ရေးကိုယ်တာကျတဲ့ ပြန်လည်ဝင်စားမှုအကြောင်း လွယ်လွယ်ကူကူ ဖော်မပြဖို့ တောင်းဆိုပါတယ်"

"..."
ရှကျီကတော့ ပြန်ပြုံးပြရန်အတော်လေးခဲယဥ်းတာ သိလိုက်ရသည်။

"ဒါဆို မင်းပြောနေတာက..." ရှောင်းမော့ လောလိုက်သော်ငြား ရှကျီက ချက်ချင်း ကြားဖြတ်ပြောလေသည်။
"ငါ့အစ်မဘဝအကြောင်း ဒါ ငါပြောတာအကုန်ပဲ၊ ဘာလို့လဲဆိုတော့ ငါသူ့ကိုယ်ရေးကိုယ်တာကို လေးစားလို့၊ မင်းငါ့ကို တောင်းပန်ရင်တောင် ငါ ဘာမှပြောပြမှာမဟုတ်ဘူး!"

"ဟင့်အင်း၊ မိန်းကလေးရှက မင်းတင်ပါးပေါ် မှဲ့ရှိတာဘယ်လိုသိလဲ သိချင်တာ"

ဝေးလွင့်ပြီးသော အတိတ်Donde viven las historias. Descúbrelo ahora