(၅၀) ရှကျီ ပစ်မှတ်ထားခံရ

5K 628 7
                                    

Mm Translator : ElysiumGale

(၅၀) ရှကျီ ပစ်မှတ်ထားခံရ

ရှင်းဟယ်က ချန်း၀ူ၏ ဆုတောင်းများဖြင့် အိမ်ထဲမှ ထွက်သွားသည်။ သူတို့ နေထိုင်ရာ နေရာက အတော်လေး ကျယ်သည်။ သူမက ခပ်လှမ်းလှမ်းသို့လျှောက်ပြီး ဂိတ်၀ဘေးရှိ သစ်ပင်ရိပ်အောက်တွင် ရှကျီကို တွေ့လိုက်ရ၏။

သူက စတီးခုံတန်းတွင် ထိုင်နေပြီး သူ့ခေါင်းက ငုံ့ထားကာ သူ့ရှပ်အင်္ကျီက စုတ်ပြဲနေ၏။

ရှင်းဟယ်က အနားကပ်သွားကာ သူ့နာမည်ကို ခေါ်လိုက်သည်။

သူမ၏ အသံကို ကြားသောအခါ ရှကျီက ခေါင်းမော့လာသည်။ ရှင်းဟယ်က သူ့မျက်နှာပေါ်ရှိ ရှရာများ ဒဏ်ရာများကို ချက်ချင်း တွေ့သွား၏။

"အစ်မ "

ရှကျီက ခေါင်းမြန်မြန် ငုံ့လိုက်ကာ သူ့အခြေအနေကို သူမကို မြင်ခွင့်ပေးရမှာ ရှက်နေသည်။

ရှင်းဟယ်က မျက်မှောင်ကြုတ်ကာ မေးမော့လိုက်သည်။ သူ့မျက်နှာပေါ်ရှိ ဒဏ်ရာများကို မြင်သောအခါ သူမ ဒေါသ ထွက်သွား၏။

"ဒါ ဘယ်သူလုပ်တာလဲ"

သူမက မေးသည်။

ရှကျီက သူမမျက်ဝန်းထဲရှိ ဒေါသကို မြင်သောအခါ သူက အားတင်းပြုံးပြီး

"အစ်မ ကျွန်တော် အဆင်ပြေပါတယ်၊ ပွန်းပဲ့တာပါ၊ ကြည့်တော့သာ ပြင်းထန်နေ..."

"ဒါ ဘယ်သူ လုပ်တာလဲလို့ ငါ မေးနေတယ်လေ"

ရှင်းဟယ်က ဖြတ်ပြောလိုက်သည်။ သူမ မျက်လုံးဝယ် အမျက်ဒေါသများ လက်လက်ထနေသည်။

ရှင်းဟယ်က အဖက်မလုပ် သီးသန့်နေတတ်ပုံ ရသော်လည်း တစ်စုံတစ်ယောက်က သူမ စည်းကို ကျော်လာလျှင် သူမ ဒေါသ ထွက်လာသည်။

သူမစည်းက သိပ်ကို သိသာသည်။ ၎င်းက သူမ ဂရုစိုက်သည့်သူများကို ထိခိုက်အောင် လုပ်လျှင် ဖြစ်သည်။

ကမ္ဘာပေါ်တွင် သူမ ဂရုစိုက်သည့်သူ သိပ်မများပေ။ သူမ ဦးလေးနှင့် ရှကျီ အပါအဝင် ထိုလူစုလေးက သူမ တန်ဖိုးထားရာ ဖြစ်သည်။

ရှကျီက ငယ်ငယ်တည်းက ကြင်နာတတ်ပြီး ချစ်စဖွယ် ကလေးတစ်ဦးဖြစ်ကာ ရှင်းဟယ်အတွက် လိမ္မာသော မောင်ငယ်လေး ဖြစ်၏။ သူ ရိုက်နှက်ခံထားရတာ မြင်သောအခါ ရှင်းဟယ်က ဒေါသ ငယ်ထိပ်ဆောင့်နေပြီဖြစ်သည်။

ဝေးလွင့်ပြီးသော အတိတ်Where stories live. Discover now