အခန်း ၁၇၉။

2.2K 262 1
                                    

အခန်း ၁၇၉။

ကျွန်မတို့တွေက လင်းလင်းကိုတွေ့ဖို့ ရောက်လာတာ

“ကိစ္စမရှိပါဘူး”

ရှင်းဟယ်က ခေါင်းညိတ်လိုက်၏။ နာရီဝက်သည် ဘာမှမဟုတ်ပေ။

ထပ်ပြောရလျှင် သူမ ဤနေရာသို့ ယနေ့ ရောက်နေရသည့် အကြောင်းအရင်းက သူမ၏ သားကို တွေ့ရန်သာမက သူ၏ အဘိုးကိုလည်း တွေ့ရန်ဖြစ်သည်။

“မင်းရဲ့ သခင်မကြီးရော”

မုပိုင်က အစေခံကို ရုတ်တရက် မေးလိုက်၏။

“သူမက အနောက်ဘက် ခြံဝန်းထဲမှာ သခင်လေးက သခင်မကြီးကို တွေ့ချင်လို့လား”

“တွေ့ချင်တာပေါ့။ ငါသူ့ကိုလည်း မနှောက်ယှက်ချင်ဘူး”

မုပိုင်ပြောပြီးသည့်အခိုက် အမျိုးသမီးတစ်ဦးက အခန်းထဲကို အေးအေးဆေးဆေးဖြင့် လမ်းလျှောက်လာကာ ပြောလိုက်၏။

“နင် သူ့ကို စိတ်အနှောက်အယှက် ပေးမှာ မဟုတ်ပါဘူး။ သူက မနေ့ကတောင် နင့်အကြောင်းတွေ ပြောနေသေးတာ။ ငါသေချာ ပြောရဲတယ်။ သူ နင့်ကို တွေ့ချင်နေတယ်လို့ ငါသေချာပြောရဲတယ်”

မုပိုင်နှင့် ရှင်းဟယ်က အသံလာသည့် နေရာကို လှည့်ကြည့်လိုက်သည်။ ကျော့ကျော့မော့မော့ အဝတ်အစားများ ဝတ်ဆင်ထားသည့် အသက်(၂၈)နှစ် ဝန်းကျင်ရှိ အမျိုးသမီးတစ်ယောက် ဖြစ်သည်။ သူတို့၏ မျက်ဝန်းထဲတွင် သူမက ပစ်ချက် တစ်ချက်မှ ရှာမတွေ့ပေ။

ရှင်းဟယ်က ထိုအမျိုးသမီးကို မှတ်မိသွားသည်။

သူမက သခင်မရှင်း၏ မွေးစားသမီး ဖြစ်သည်။ သူမ၏ နာမည်က ယွင်ရို့ပင်းဖြစ်သည်။ သူမ၏ အမည်အတိုင်း နှင်းတမျှ အေးစက်သည့် လူတစ်ယောက်ဖြစ်သည်။

အခြားသူများနှင့် ပြောဆိုလိုခြင်း မရှိ၊ သီးခြားနေလိုသူမျိုး ဖြစ်သည်။

ရှင်းဟယ်အပေါ် သူမ စိတ်မဝင်စားတာကိုတောင် မဖုံးကွယ်ထားပေ။ သူမက ရှင်းဟယ်ကို တစ်ခါမှတောင် ကြည့်မလာပေ။

ရှင်းဟယ်က မုပိုင်နှင့်သာ ဆိုင်သည့်ပုံဖြင့် သူမ၏ အာရုံစိုက်မှုကို မထိုက်တန်ပုံ ဖြစ်နေ၏။

ဝေးလွင့်ပြီးသော အတိတ်Where stories live. Discover now